Monday, December 31, 2012

မြန်မာကျပ်ငွေ ၈ သောင်းတန် Ouya ဂိမ်းစက် ထွက်ပြီ

၉၉ ဒေါ်လာတန် (မြန်မာ ကျပ်ငွေ ၈ သောင်း ကျော်တန်) Ouya အမည်ရ Android ဂိမ်းစက် ထွက် ရှိပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ယခု ထွက်ရှိမှုက Developer ဗားရှင်းဖြစ်ပြီး ဂိမ်းဖန်တီးလို သူတွေ အတွက် စောထုတ် ပေးတဲ့စက် ဖြစ်ပါတယ်။ ဒီတော့ တကယ် သုံးရမယ့်User များ အတွက်ကတော့ မတ်လမှ စတင် ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အရွယ်သေးပြီး၊ ဈေးသက် သာပေမယ့် အထင်သေးရမယ့် ဂိမ်းစက်တော့ မဟုတ်ပါဘူး။ အမေရိကန်ထုတ် တကယ့် Brand ကောင်း ဖြစ်ပြီး Kickstarter ရင်းနှီးမြှုပ်နှံမှုနဲ့ Boxer8 Developer များ ဖန်တီးထားတာ ဖြစ်ပါတယ်။
Operating system :    Android 4.1 Jelly Bean
Processor          :  Nvidia Tegra 3 (T33) SoC
CPU                        :Quad-core ARM Cortex-A9
Storage capacity  : 8 GB internal flash memory
Memory              : 1 GB RAM
Display              : HDMI (1080p, 1080i, 720p)
Graphics               : Nvidia ULP GeForce GPU
Input               : USB 2.0 (one)
Controller input       :Wireless controller
Connectivity       :  Wi-Fi, Bluetooth LE 4.0, Ethernet port
HDMI ပေါက်ပါတဲ့ တီဗီ၊ မော်နီတာတိုင်းနဲ့ ချိတ်ဆက် အသုံးပြုလို့ ရပါတယ်။ Android 4.1 jelly Bean OS ကို သုံးပေမယ့် Upgrade လည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ Android အခြေခံ ဂိမ်းအားလုံး ဆော့နိုင်ပြီး Xbox အခြေခံ၊ Wii အခြေခံ တကယ့် Graphic ကောင်း ဂိမ်းများကိုလည်း Android ဗားရှင်းနဲ့ ဖန်တီး ထောက် ပံ့ပေးအုံးမှာ ဖြစ်ပါတယ်။
လက်ကိုင် ကြိုးမဲ့ ခလုပ် နှစ်ခုပါပြီး စက်ကို အားသွင်းထားပြီး ဆော့လို့ ရသလို၊ တိုက်ရိုက်သွင်းပြီးလည်း သုံးနိုင်ပါတယ်။ micros USB ပေါက်ပါပြီး သုံးလို့ရမ့် ကြိုးအမျိုးအစား စုံစုံလည်း ပါရှိပါတယ်။ ကာလ တန်ဖိုး ၉၉ ဒေါ်လာ နဲ့ ဖြန့်ချိမယ်ဆိုတော့ လူတိုင်းစိတ်ဝင်စားကြပြီး နာမည်ကြီး Game Console တစ် ခုဖြစ်လာ အုံးမယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref : Techspace နည်းပညာဂျာနယ်

No comments:

Post a Comment