Saturday, December 29, 2012

အုပ်စုဖွဲမုဒိမ်းကျင့်ခံခဲ့ရသည့် အိန္ဒိယမိန်းကလေး ကွယ်လွန်သွားပြီဖြစ်



အမျိုးသား ၆ ဦး၏ အုပ်စုဖွဲ့ ရိုက်နှိက်ကာ မုဒိမ်းကျင့်ခံခဲ့ရပြီး စင်ကာပူနိုင်ငံ Mount Elizabeth တွင် ဆေးကုသမှုခံယူနေရသည့် အိန္ဒိယမိန်းကလေးမှာ ဒီဇင်ဘာ ၂၉ ရက် စင်ကာပူဒေသစံတော်ချိန်
နံနက် ၄ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အဆိုပါဆေးရုံက သတင်းထုတ်ပြန်သည်။ အစောပိုင်းက အသက် ၂၃ နှစ်အရွယ် အိန္ဒိယမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ကြောင်း ဆရာဝန်များက ထုတ်ဖော်ပြော ကြားခဲ့သည်။
ထို့အပြင် သူမသည် နှလုံးဖောက်ပြန်မှု၊ ဦးနှောက်ထိခိုက်မှုအပြင် အဆုတ်နှင့် ဝမ်းဗိုက် ပိုင်းတွင်လည်း ရောဂါပိုးဝင်ရောက်မှုရှိကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါမိန်းကလေး အုပ်စုဖွဲ့ မုဒိမ်းကျင့် ခံရမှု ဖြစ်ရပ် အပေါ် ပြည်သူ များက ဒေါသတကြီး ဆန္ဒပြကြသည်။ အိန္ဒိယတွင် လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရသူ ဆယ်ကျော် သက် အရွယ် မိန်းကလေးတစ်ဦးလည်း ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၆ ရက်) က မိမိ ကိုယ်ကိုယ် သေကြောင်း ကြံသွား ခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment