Thursday, December 13, 2012

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ နေပြည်တော် ဈေးကွက်အတွင်း ရောင်းချမှု နည်းပါးလာ


မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ နေပြည်တော် ဈေးကွက်အတွင်း ရောင်းချမှု နည်းပါးလာ


နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုဘိုင်းလ်ဖုန်းဆင်းကတ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် တစ်သိန်းဝန်းကျင် တန်ဖိုးရှိ ဖုန်းလိုင်းများ ထပ်မံချထားပေးတော့မည်ဟု သတင်းများထွက်ပေါ် လာပြီးနောက် ဒီဇင်ဘာ အစောပိုင်းမှစ၍    မိုဘိုင်းလ်ဖုန်း ဆင်းကတ်များ ရောင်းချမှု  နည်းပါး လာကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို အချို့ဆိုင်များတွင် ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ရောင်းချပေးခဲ့ပြီး အရစ်ကျ စနစ်များဖြင့်လည်း ရောင်းချပေးခဲ့သည်။ 

ထို့အပြင် ယခင်က ပုံမှန် ရောင်းဈေးဖြစ်သော ကျပ်နှစ်သိန်း၊ နှစ်သိန်းနှင့် ဝန်ဆောင်ခကျပ် နှစ်ထောင်မှ ကျပ်ငါးထောင် အထိ ရောင်းချခဲ့ ကြသော် လည်း ဝယ်ယူသူ နည်းပါးလာသည့် အတွက် အချို့ဆိုင်များမှာ ဆင်းကတ်များ ကို ဇန်နဝါရီ လ ဆန်းပိုင်းမှသာ ပြန်လည်ရောင်းချ ပေးတော့မည်ဖြစ်ကြောင်း နေပြည်တော် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့မှ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုဘိုင်းလ်ဖုန်းဆင်းကတ်များကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီတွင် တစ်သိန်းဝန်းကျင် တန်ဖိုးရှိ ဖုန်းလိုင်းများ ထပ်မံချထားပေးတော့မည်ဟု သတင်းများထွက်ပေါ် လာပြီးနောက် ဒီဇင်ဘာ အစောပိုင်းမှစ၍ မိုဘိုင်းလ်ဖုန်း ဆင်း ကတ်များ ရောင်းချမှု နည်းပါးလာကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကို အချို့ဆိုင်များတွင် ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ရောင်း ချပေးခဲ့ပြီး အရစ်ကျစနစ်များဖြင့်လည်း ရောင်းချပေးခဲ့သည်။

ထို့အပြင် ယခင်ကပုံမှန် ရောင်းဈေးဖြစ်သော ကျပ်နှစ်သိန်း၊ နှစ်သိန်းနှင့် ဝန်ဆောင် ခကျပ် နှစ်ထောင်မှ ကျပ်ငါးထောင်အထိ ရောင်းချခဲ့ကြသော်လည်း ဝယ်ယူသူနည်းပါးလာသည့်အတွက် အချို့ဆိုင်များမှာ ဆင်းကတ်များကို ဇန်နဝါရီလဆန်းပိုင်းမှသာ ပြန်လည်ရောင်းချ ပေးတော့မည်ဖြစ်ကြောင်း နေပြည်တော်မိုဘိုင်းလ်ဖုန်း အရောင်း ဆိုင်အချို့မှ သိရသည်။

No comments:

Post a Comment