Thursday, December 13, 2012

တာဝေးပစ် ဒုံးပျံတစ်စင်း မြောက်ကိုရီးယား အောင်မြင်စွာ လွှတ်တင်ခဲ့


တာဝေးပစ် ဒုံးပျံတစ်စင်း မြောက်ကိုရီးယား အောင်မြင်စွာ လွှတ်တင်ခဲ့

နိုင်ငံတကာ၏ သတိထား စောင့်ကြည့် မှုခံရပြီး နည်းပညာဆိုင်ရာ ပြဿနာကြောင့် ဒုံးကျည်လွှတ်တင်ရန် နှောင့်နှေး ကြန့်ကြာခဲ့သော မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တု တစ်စင်းနှင့်အတူ တာဝေးပစ် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၁၂ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားသည် နည်းပညာ ဆိုင်ရာ ပြဿနာများအား ကြိုးပမ်းဖြေ ရှင်းခဲ့ပြီးနောက် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၂၉ ရက်မတိုင်မီ သတင်းတစ်ပတ် အလို၌ လွှတ်တင်သွားမည်ဟု တောင်ကိုရီးယား အစိုးရက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယခု လွှတ်တင် လိုက်သည့် ဒုံးပျံ၏ ပထမအဆင့်သည် တောင်ကိုရီးယား နိုင်ငံမြောက်ဘက် ဂျေအိုလာ ပြည်နယ်  Byeonsan –bando ဒေသရှိ ပင်လယ် ဝါအတွင်းသို့ ကျရောက်ခဲ့ကြောင်း ယွန်ဟပ် သတင်းဌာနမှ ထုတ်ပြန် ခဲ့သည်။ အလားတူ ၎င်းဒုံးပျံ၏ အစိတ်အပိုင်း တစ်ခုသည် ဒေသစံတော်ချိန် နံနက် ၁ဝ  နာရီဝန်းကျင်က   အိုကီနာဝါ ကျွန်းစု တောင်ပိုင်းကို ကျော်ဖြတ်၍ ပင်လယ်အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျပန် အစိုးရကလည်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားမှ ဒုံးပျံလွှတ်တင် ပြီးနောက် အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ချက်ချင်း ကျင်းပ ခဲ့သည်။ လွှတ်တင်ခဲ့သောဒုံးပျံကို တိုက်ခိုက်ဖျက်ဆီးရန်  အမေရိကန် ပြည်ထောင်စုနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန် ရှိအကြီးအကဲများက ညှိနှိုင်း တိုင်ပင်ခဲ့ ကြသည်ဟု စုံစမ်း စစ်ဆေးရေး အဖွဲ့များ က ထုတ်ဖော် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဧပြီလတွင် ဂြိုဟ်ပတ် လမ်းအတွင်းသို့ ဂြိုဟ်တုတစ် စင်းလွှတ်တင်ခဲ့ရာ မအောင်မြင် ခဲ့သော ကြောင့် ဒုတိယအကြိမ် ကြိုးပမ်းမှု အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏  ဒုံးပျံလွှတ်တင်မှုနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေး ကောင်စီကို ဒီဇင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ်  ၅ဝ ၌  ကျင်းပခဲ့သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။နိုင်ငံတကာ၏ သတိထား စောင့်ကြည့် မှုခံရပြီး နည်းပညာ ဆိုင်ရာ ပြဿနာကြောင့် ဒုံးကျည်လွှတ်တင်ရန် နှောင့်နှေး ကြန့်ကြာ ခဲ့သော မြောက်ကိုရီးယား နိုင်ငံသည် ဂြိုဟ်တု တစ်စင်းနှင့်အတူ တာဝေးပစ် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၁၂ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားသည် နည်းပညာ ဆိုင်ရာ ပြဿနာများအား ကြိုး ပမ်းဖြေရှင်းခဲ့ပြီးနောက် ဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၂၉ ရက်မတိုင်မီ သတင်းတစ်ပတ်အလို၌ လွှတ်တင် သွားမည်ဟု တောင်ကိုရီးယား အစိုးရက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ယခု လွှတ်တင် လိုက်သည့် ဒုံးပျံ၏ ပထမ အဆင့်သည် တောင် ကိုရီးယား နိုင်ငံမြောက် ဘက် ဂျေအိုလာ ပြည်နယ် Byeonsan –bando ဒေသရှိ ပင်လယ် ဝါအတွင်းသို့ ကျရောက်ခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။ အလားတူ ၎င်းဒုံးပျံ၏ အစိတ်အပိုင်း တစ်ခု သည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီဝန်းကျင်က အိုကီနာဝါ ကျွန်းစု တောင်ပိုင်းကို ကျော်ဖြတ်၍ ပင်လယ်အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရကလည်း ပြောကြား ခဲ့သည်။

မြောက်ကိုရီးယားမှ ဒုံးပျံလွှတ်တင် ပြီးနောက် အမျိုးသား လုံခြုံရေးကောင်စီ အစည်း အဝေးကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ချက်ချင်း ကျင်းပခဲ့သည်။ လွှတ်တင်ခဲ့သောဒုံးပျံကို တိုက်ခိုက်ဖျက်ဆီးရန် အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိအကြီးအကဲများက ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့များက ထုတ်ဖော်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဧပြီလတွင် ဂြိုဟ်ပတ် လမ်းအတွင်းသို့ ဂြိုဟ်တုတစ် စင်းလွှတ်တင်ခဲ့ရာ မအောင်မြင် ခဲ့သော ကြောင့် ဒုတိယအကြိမ် ကြိုးပမ်းမှု အဖြစ် ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ လွှတ်တင် ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေး ကောင်စီကို ဒီဇင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၅ဝ ၌ ကျင်းပခဲ့သည်ဟု ဂျပန်အစိုးရက ပြောကြားခဲ့သည်။

No comments:

Post a Comment