Thursday, December 20, 2012

စစ်မဲ့ဇုန်အဖြစ် ယာယီ သတ်မှတ်ထားသည့် ဘုရားကျောင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီမှု ရရှိ

Photo: စစ်မဲ့ဇုန်အဖြစ် ယာယီ သတ်မှတ်ထားသည့် ဘုရားကျောင်း မြေမြှုပ်မိုင်း ရှင်းလင်းရေး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘော တူညီမှု ရရှိ
Thursday, 20 December 2012

စစ်မဲ့ဇုန် အဖြစ် ယာယီ သတ်မှတ်ထားသည့် ၁၁ ရာစုနှစ် ဝန်းကျင်ရှိ Preah Vihear ဘုရားကျောင်း နယ်မြေတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီ အစဉ် အား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လ၌ ပူးပေါင်းဆောင်ရွက် သွားရန် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ တို့မှ သဘော တူညီမှု ရရှိခဲ့ကြောင်း ကမ္ဘောဒီး ယား နိုင်ငံ၏ အဆင့်မြင့် ကာကွယ်ရေး အရာရှိ တစ်ဦးမှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကမ္ဘောဒီးယား နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့၏ ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက် တတိယ အကြိမ်မြောက် အစည်း အဝေးအား ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၎င်းအစည်း အဝေးအား ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး ဌာနရှိ အစိုးရ အဖွဲ့ဝန်ကြီး ဗိုလ်ချုပ်ကြီး Neang Phat နှင့် ထိုင်းတပ်မတော်ရှိ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Worapong Sanganetra တို့မှ ဦးစီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

ကမ္ဘောဒီးယား နိုင်ငံ Siem Reap စီရင်စု၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် တို့အကြား
နှစ်နိုင်ငံ ဆွေးနွေးမှု များအား ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်
ပြုလုပ်ခဲ့ပြီး နောက် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ပထမ အဆင့် အနေဖြင့် ယာယီ စစ်မဲ့ဇုန် (Provisional Demilitarized Zone-PDZ) အတွင်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအား နှစ်နိုင်ငံမှ ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီစစ်မဲ့ဇုန် အဖြစ် ယာယီသတ်မှတ်ထားသည့် ၁၁ ရာစုနှစ်ဝန်းကျင်ရှိ Preah Vihear ဘုရားကျောင်း နယ်မြေတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး အစီအစဉ်အား ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ၌ ပူးပေါင်းဆောင်ရွက် သွားရန် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ သဘောတူညီမှု ရရှိ ခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံ၏ အဆင့်မြင့်ကာကွယ်ရေး အရာရှိ တစ်ဦးမှ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ကမ္ဘောဒီးယား နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် တတိယ အကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၎င်းအစည်း အဝေးအားကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရှိအစိုးရအဖွဲ့ဝန်ကြီး ဗိုလ်ချုပ်ကြီး Neang Phat နှင့် ထိုင်းတပ်မတော်ရှိ ပူးတွဲစစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး Worapong Sanganetra တို့မှ ဦးစီး ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယား နိုင်ငံ Siem Reap စီရင်စု၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် တို့အကြားနှစ်နိုင်ငံ ဆွေးနွေးမှု များအား ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင်ပြုလုပ် ခဲ့ပြီး နောက် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ပထမ အဆင့် အနေဖြင့် ယာယီ စစ်မဲ့ဇုန် (Provisional Demilitarized Zone-PDZ) အတွင်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များအား နှစ်နိုင်ငံမှ ရုပ်သိမ်းခဲ့ကြောင်း သိရှိရ ပါသည်။

မြ၀တီ

No comments:

Post a Comment