Thursday, December 20, 2012

ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေအလေးချိန် (၁) ပိဿာ (၂ဝ) ကျပ်သား ကပ်လှူမည်

Photo: ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေအလေးချိန် (၁) ပိဿာ (၂ဝ) ကျပ်သား ကပ်လှူမည်
Thursday, 20 December 2012

ရန်ကုန် အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက်ရှိ ရတနတ္တယ သမဂ္ဂအသင်းကြီးမှ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်
မြတ်ကြီးအား (၆၁) ကြိမ်မြောက်အထိ ရွှေပြား သင်္ကန်းတော်ပေါင်း ၂၆၃ ပြား၊ ရွှေအလေးချိန်ပေါင်း ၈ ပိဿာ ၄၁ ကျပ်သား တိတိကို ဆက်ကပ်လှူဒါန်း ပူဇော်ပြီး ဖြစ်သည်။

ယခုနှစ်တွင်လည်း တစ်ပေပတ်လည် အလေးချိန် သုံးကျပ်သားစီ ရှိသော ရွှေပြား သင်္ကန်းတော်ပေါင်း အပြား ၄ဝ၊ ရွှေအလေးချိန်ပေါင်း ၁ ပိဿာ ၂ဝ ကျပ်သား တန်ဖိုးငွေ ကျပ်သိန်း ၇၂ဝ ကို ဆက်ကပ်လှူဒါန်း ပူဇော် သွားမည်ဖြစ်သည်။ အဆိုပါ ရွှေပြား သင်္ကန်းတော်များကို ကြည့်မြင်တိုင် မြို့နယ်နှင့် စမ်းချောင်းမြို့နယ် တို့သို့ ဒီဇင်ဘာ ၂၁ ရက်မှ 
၂၃ ရက်အထိ အလှူရှင်များ ကြည်ညိုသဒ္ဓါ ပွားစေရန် လှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်

မြ၀တီရန်ကုန် အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက်ရှိ ရတနတ္တယ သမဂ္ဂအသင်းကြီးမှ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်
မြတ်ကြီးအား (၆၁) ကြိမ်မြောက်အထိ ရွှေပြား သင်္ကန်းတော်ပေါင်း ၂၆၃ ပြား၊ ရွှေအလေးချိန်ပေါင်း ၈ ပိဿာ ၄၁ ကျပ်သား တိတိကို ဆက်ကပ်လှူဒါန်း ပူဇော်ပြီး ဖြစ်သည်။
ယခုနှစ်တွင်လည်း တစ်ပေပတ်လည် အလေးချိန် သုံးကျပ်သားစီ ရှိသော ရွှေပြား သင်္ကန်းတော်ပေါင်း အပြား ၄ဝ၊ ရွှေအလေးချိန်ပေါင်း ၁ ပိဿာ ၂ဝ ကျပ်သား တန်ဖိုးငွေ ကျပ်သိန်း ၇၂ဝ ကို ဆက်ကပ်လှူဒါန်း ပူဇော် သွားမည်ဖြစ်သည်။ အဆိုပါ ရွှေပြား သင်္ကန်းတော်များကို ကြည့်မြင်တိုင် မြို့နယ်နှင့် စမ်းချောင်းမြို့နယ် တို့သို့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ အလှူရှင်များ ကြည်ညိုသဒ္ဓါ ပွားစေရန် လှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်

မြ၀တီ

No comments:

Post a Comment