Sunday, December 16, 2012

တတိယမြောက် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် တည်ဆောက်မည်

Photo: တတိယမြောက် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် တည်ဆောက်မည်
Sunday, 16 December 2012

ရွှေဂုံတိုင် ခုံးကျော်တံတားအား တည်ဆောက်ရာတွင် ကမ္ဘာအေးဘုရား လမ်းအတိုင်း ဇီဝိတဒါန သံဃာ့ဆေးရုံ ရှေ့မှ နှင်းဆီကုန်း ဘိုးဘွား
ရိပ်သာကြီး ရှေ့အထိ တည်ဆောက် သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ သိရသည်။ 

အဆိုပါ တံတားအား စတင် တည်ဆောက်နိုင်ရန် အတွက် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက်က ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။ ယင်းတံတားသည် လှည်းတန်း ခုံးကျော်တံတား စီမံကိန်းနှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းတို့၏ နောက်တွင် အစိုးရသစ် လက်ထက် တတိယ မြောက် ခုံးကျော်တံတား စီမံကိန်းဖြစ်သည်။

တံတားမှာ အလျား ၂ဝ၅၉ ဒသမ ၅၅ ပေ၊ အကျယ် ၄၅ ဒသမ ၅၉ ပေနှင့် လေးလမ်းသွား သံကူကွန်ကရစ် တံတား အမျိုး အစားဖြစ်ကာ တံတားအောက် ကင်းလွတ် အမြင့်ပေမှာ ၁၈ ပေဖြစ် သည်။ ခွင့်ပြု ခံနိုင်ဝန်အားမှာ တန် ၆ဝ ဖြစ်ကြောင်း အဆိုပါ ပန္နက်တင်မင်္ဂလာ အခမ်းအနားပွဲမှ သိရသည်။

ယင်းတံတားအား ဂျပန်နိုင်ငံ JFE Engineering Corporation မှတံတား ပုံစံထုတ်လုပ်ခြင်း ဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီ ဖြစ်သည့် Capital Development Ltd က ပြည်တွင်း ပြည်ပ အင်ဂျင်နီယာ ပညာရှင်များဖြင့် တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်သည်။

မြ၀တီရွှေဂုံတိုင် ခုံးကျော်တံတားအား တည်ဆောက်ရာတွင် ကမ္ဘာအေးဘုရား လမ်းအတိုင်း ဇီဝိတဒါန သံဃာ့ဆေးရုံ ရှေ့မှ နှင်းဆီကုန်း ဘိုးဘွားရိပ် သာကြီး ရှေ့အထိ တည်ဆောက်သွားမည်ဖြစ်ကြောင်းရန်ကုန် မြို့တော် စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) မှ သိရသည်။
 
အဆိုပါတံတားအား စတင်တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက် နံနက်ကကျင်းပခဲ့ပြီး ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။ ယင်းတံတားသည် လှည်းတန်း ခုံးကျော်တံတား စီမံကိန်းနှင့် ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်းတို့၏ နောက်တွင် အစိုးရသစ် လက်ထက် တတိယ မြောက်ခုံးကျော်တံတား စီမံကိန်းဖြစ်သည်။

တံတားမှာ အလျား ၂ဝ၅၉ ဒသမ ၅၅ ပေ၊ အကျယ် ၄၅ ဒသမ ၅၉ ပေနှင့် လေးလမ်းသွား သံကူကွန်ကရစ် တံတား အမျိုးအစားဖြစ်ကာ တံတားအောက် ကင်းလွတ်အမြင့်ပေမှာ ၁၈ ပေဖြစ်သည်။ ခွင့်ပြုခံနိုင်ဝန် အားမှာ တန် ၆ဝ ဖြစ်ကြောင်း အဆိုပါ ပန္နက်တင်မင်္ဂလာ အခမ်းအနားပွဲမှ သိရသည်။

ယင်းတံတားအား ဂျပန်နိုင်ငံ JFE Engineering Corporation မှတံတား ပုံစံထုတ် လုပ်ခြင်း ဖြစ် ပြီး ပြည် တွင်း ကုမ္ပဏီ ဖြစ်သည့် Capital Development Ltd က ပြည်တွင်း ပြည်ပ အင်ဂျင်နီယာ ပညာရှင်များဖြင့် တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment