မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများအား အင်တာနက်သုံးစွဲသည့် ပမာဏအလိုက် ကောက်ခံမည့် Volume Based Charging စနစ်ကို ဒီဇင်ဘာလ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြေ
ထို့နောက် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် Data စနစ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း၌ ပင်၎င်းအစီအစဉ်အား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့သို့ ရွှေဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုနောက်ဆုံးထုတ်ပြန်ချက်များအရ
“အရင်ကြေညာထားတဲ့ အစီအစဉ်က Cancel ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ၁ ရက် နေ့မှာလည်း အရင်အတိုင်းမိနစ်အလိုက် ဆက်လက်ကောက်ခံသွားမှာပါ။ တစ်မိနစ်ကို ၂ ကျပ်၊၄ ကျပ်နှုန်းနဲ့ပဲ ဆက်ကောက်သွားမှာပါ။ သုံးစွဲသူတွေ အဆင်ပြေစေမယ့် အကောင်းဆုံးနည်းကို ဆက်လက်ဆောင်ရွက် သွားမှာပါ” ဟု ဦးဌေးဝင်းကဆိုသည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို မိနစ်အလိုက် ကောက်ခံလျက်ရှိသည့် ယခုနှုန်းထားအတိုင်း ဆက်လက်ကောက်ခံမည်ဆိုပါကEDGE စနစ်တွင် တစ် မိနစ်နှစ်ကျပ်၊ 3G စနစ်တွင် တစ်မိနစ်လေးကျပ်ဖြင့်ပင် နဂိုအတိုင်း ရှိနေမည်ဖြစ်သည်။
No comments:
Post a Comment