အိန္ဒိယ နိုင်ငံရှိ မွမ်ဘိုင်း အကြမ်းဖက်
တိုက်ခိုက်မှု ကို နောက် ကွယ် မှ ကြိုးကိုင် စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသည့်
ဟာဖစ်(ဇ) ဆာယက်အား လွှဲပြောင်း ပေးအပ်ရန် အိန္ဒိယ နိုင်ငံက ပါကစ္စတန်
နိုင်ငံ ထံ တောင်းဆို သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံသို့ ယခုသီတင်းပတ် နှောင်းပိုင်းတွင် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရပ်မန်းမာလစ် အလည် အပတ်ခရီးလာရောက်မည် ဖြစ်ရာထိုခရီးစဉ်အတွင်း ယင်းကဲ့သို့ တောင်းဆိုမှု ပြုလုပ်သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး မာလစ် အနေဖြင့် ၎င်း၏ သုံးရက်ကြာ အိန္ဒိယ ခရီးစဉ်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံက လွှဲပြောင်း ပေးရန် တောင်းဆို လျက်ရှိသည့် ဟာဖစ်(ဇ) ဆာယက်မှာ အစ္စလာမ် အကြမ်းဖက် အဖွဲ့အစည်း '' လက်ရှ်ကာ အီးတိုင်ဘာ'' ကို တည်ထောင်သူ တစ်ဦး ဖြစ်ကြောင်း သိရှိရ ပါသည်။
မြ၀တီ

No comments:
Post a Comment