Friday, December 14, 2012

၂၀၁၁ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေ ဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်း အနားကို ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကားပြောကြားပြီး ၂၀၁၁ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ရရှိကြသည့် စာပေပညာရှင်များအား ဆုများကို ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ဆုနှင်းသဘင်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဆုစိစစ်ရွေး ချယ်ရေး ကော်မတီဝင်များ၊ စာပေ ပညာရှင်များ၊ ပုဂ္ဂလိက စာနယ်ဇင်းများမှ စာတည်း အဖွဲ့ဝင်များနှင့် သတင်းထောက်များ၊ စာပေဆုရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြား ထားသူများ၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဝန်ထမ်းများ တက်ရောက် ကြသည်။
မြ၀တီ

No comments:

Post a Comment