ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းမှစတင်ရွေ့ အင်တာနက် သတင်း ၀က်ဆိုဒ်များတွင်ကျိုက်ထီးရိုးကင်မွန်းစခန်း အား ကေအန်ယူ လက်နက်ကိုင် အဖွဲ့မှဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေးတောင်း ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆို ပါသတင်းနှင့်ပတ်သက်ရွေ့ ကျိုက်ထီးရိုးတောင် တက်မော်တော် ယာဉ် အသင်းအား ဆက်သွယ်မေးမြန်းရာတွင် “အင်တာနက်သတင်းပါ အချက်အလက်များသည်မှားယွင်း ပါကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာ၁၄ရက်နေ့ညနေ၅နာရီခွဲခန့်တွင် ကေအန်ယူလက်နက်ကိုင်အဖွဲ့ဟုယူဆရသော အင်အား ၆ ဦးခန့်သည်၁၀မိနစ်ကုန်းသို့ လက်နက် ကိုင်ဆောင်ကာ ရောက်ရှိ လာပြီး ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးအားလာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်တောင်တက်မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့်ဆတ်ကြေးပေးသွင်းရန် ပြောဆိုခဲ့ကြောင်း၊ယင်းနောက် စေတီတော်ယာဉ်ပြင်တော်မှလူနာတင်ဆောင်မောင်နှင်လာသည့်
မော်တော်ယာဉ်အား ရပ်တန့်စေပြီးယာဉ်နှင့်အတူလိုက်ပါကာ ကင်မွန်းစခန်းသို့ ထွက်ခွါသွားခဲ့ပါကြောင်း၊
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ရွေ့ တာဝန်ရှိသူများသိရှိသွားသဖြင့် ည ၇နာရီခန့် အချိန်တွင် ကေအန်ယူဆက်ဆံရေးရုံးမှဦးအောင်သောင်းသိန်းနှင့်အဖွဲ့ဝင်များတောင် တက်မော်တော်ယာဉ် ရုံးသို့ရောက်ရှိ လာပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါကြောင်း၊ ၁၀ မိနစ်ကုန်း ဖြစ်စဉ်တွင် လုပ်ဆောင် ခဲ့သော တပ်ဖွဲ့ဝင်များသည် အထက်လူကြီးများ မသိရှိပဲ လူကြီးများ မရှိခိုက် အရက်သေစာသောက် စားမူးယစ်နေခြင်းကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက်အဖွဲ့ကိုယ်စားတောင်ပန်ပါကြောင်း၊စိုးရိမ်ကြောက်လန့်မှုမရှိရန်နှင့်ဆတ်ကြေးပေးသွင်းမှုကိုလည်း ဆောင်ရွက်ရန်
မလိုပါကြောင်းနှင့်နောက်နောင်မဖြစ်ပွါးစေရန်အတွက်ကိုလည်းပြောဆိုဆွေးနွေးသွားခဲ့ပါကြောင်း၊ထိုဖြစ်စဉ်ဖြစ်ပွားပြီးပွားစေရေးအတွက်ကိုလည်း ထိန်းသိမ်းပေးသွားမည်ဖြစ်ပါကြောင်းဖြင့်ပြောဆိုခဲ့ပါကြောင်းရွှေမြန်မာမီဒီယာဂရုမှသိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ ၁၀မိနစ်ကုန်းသို့ လက်နက်ကိုင်၂ ဦး မျက်စိလည် လမ်းမှားရောက်ရှိလာပြီးကလေးကစားစရာ ၀ါးသေနတ်ပြုလုပ်နေသော အမျိုးသမီးတစ်ဦးအား စွန်တောင်သို့ သွားရောက်မည့် လမ်းကို မေးမြန်းခဲ့ခြင်းသာရှိခဲ့ပြီးပစ်ခတ်မှုဖြစ်စဉ်များနှင့် ၀င်ရောက် စီးနင်း မှုဖြစ်စဉ် များပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါကြောင်း” ပြောကြားခဲ့သည်။
ပွင့်လင်းရာသီရောက်သည်နှင့်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည်ဘုရားဖူးများဖြင့်စည်ကားနေလျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလအတွင်းဘုရားဖူးများများပြားခြင်းကြောင့်တည်းခိုးခန်းနှင့်ဟိုတယ်များပင်နေရာလပ် မကျန် သည်အထိပြည့်နှက်သည်အထိ ဖြစ်ခဲ့သည်။
အင်တာနက်သတင်းတွင် ရေးသားဖော်ပြခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပင်တောင်တက် ယာဉ်(၁၀၀)စီးခန့် (ဘုးရားဖူး ၅၀၀၀ခန့်) လာရောက်ဖူးမြှော်ခဲ့ပြီးအေးချမ်းတည်ငြိမ်လျက်ပင်ရှိနေကြောင်း သတင်းရရှိသည်။
ရွှေမြန်မာမီဒီယာဂရု

No comments:
Post a Comment