Saturday, December 15, 2012

အာဆင်နယ်ကို စိတ်ဝင်စားနေသည့် ဂွာဒီယိုလာ


ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာသည် အာဆင်နယ် အသင်းကိုစိတ်ဝင်စား နေကြောင်း သတင်း များ ထွက်ပေါ်နေသည်။
ဂွာဒီယိုလာသည် လက်ရှိတွင် နည်းပြ အဖြစ်မှ တစ်နှစ် ကြာ အနားယူနေပြီး လာမည့်နှစ်တွင် နည်းပြ အဖြစ် ပြန်
လာသည့် အခါ အာဆင်နယ် အသင်းကို ကိုင်တွယ်ဖွယ် ရှိနေသည်။ လက်ရှိတွင် ဂွာဒီယိုလာကို ချဲလ်ဆီးနှင့် မန်စီးတီး အသင်းအပြင် မီလန်ဒါဘီ အသင်း ၂ သင်းနှင့် အတူ ဘိုင်ယန်၊ PSG အသင်းများ နှင့်လည်း သတင်း ကြီးနေသည်။ ဂွာဒီယိုလာ သည် အင်္ဂလန် ပရီးမီးယား လိဂ်တွင် နည်းပြအဖြစ် ဆောင်ရွက်ရန် စိတ်ဝင်စားနေပြီး ချဲလ်ဆီး၊ မန်စီးတီးနှင့် မန်ယူ အသင်းတို့ထက် အာဆင်နယ် အသင်းကို ရွေးချယ်သွားဖွယ် ရှိနေကြောင်း သတင်းများက ဆိုသည်။ ဘာစီလိုနာအသင်းနှင့်အတူ ဆုဖလား ၁၄ လုံး ရရှိခဲ့သည့် ဂွာဒီယိုလာကို ချဲလ်ဆီး အသင်းက စိတ်ဝင်စားနေသည်။ လက်ရှိတွင် အာဆင်နယ် နည်းပြ ၀င်းဂါးသည် အသင်းရလဒ်များဆိုးရွား နေခြင်းနှင့် အတူ အသင်းတွင် အခြေအနေ မတည်ငြိမ်မှု များကြောင့် ဖိအားဝင်နေသူ ဖြစ်သည်။

No comments:

Post a Comment