ပြီးခဲ့သည့် သောကြာနေ့က ဓားကိုင် အကြမ်းဖက် သမားတစ်ဦး ၏ သောင်းကျန်း မှုကြောင့် မူလတန်းကလေး၂၂ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုမှာ ဟေနန်နယ်၊ ရှန်ပန်းကျေးရွာ
မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျောင်းတည်ရှိရာ
ပြည်နယ်အာဏာပိုင်များက ထိုသတင်းကို တရားဝင် ထုတ်ပြန် လိုက်ခြင်းဖြစ် သည်။
ကျောင်းသား များအပြင် လူကြီး တစ်ဦးလည်း ဒဏ်ရာ ရသည့်အထဲတွင် ပါဝင်ခဲ့သည်။
ကျောင်းသားအများစုမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်း နိုင်ငံတော်ပိုင် website တစ်ခုဖြစ်သည့် Chinanews.com တွင်ရေးသားထားသည်။
ရဲတပ်ဖွဲ့ဝင်များက အသက် ၃၆ နှစ်အရွယ်၊ ကျေးရွာမှ သံသယရှိသည့် အကြမ်းဖက်သမားလူငယ်ကို ဖမ်းဆီး ထားသည်ဟု သတင်းထုတ်ပြန်သည်။
ထို လူငယ်မှ စိတ်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း Chinanews.comတွင် ဖော်ပြထားသည်။ တရုတ်ပြည်ရှိ ကျောင်းများတွင် ဓားကိုင်တိုက်ခိုက်မှုများသည် ၂၀၁၀ ခုနှစ်လောက် ကတည်းက ဖြစ်ပွား ခဲ့ပြီး၊ အထူးသဖြင့် ကျောင်းသားကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် လာကြောင်းတွေ့ရသည်။
ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် ယခုအခါ ကျောင်းများတွင် လုံခြုံရေးကို အထူးတင်းကြပ်ထားကာ၊ ဆိုင်များတွင် ဓားလာဝယ်သည့်သူများကိုလည်း အမျိုးသားမှတ်ပုံတင်ဖြင့်သာ ၀ယ်ယူခွင့်ပြုတော့ကြောင်း သတင်း ရရှိ သည်။
မောက္ခ ပညာရေးမဂ္ဂဇင်း

No comments:
Post a Comment