Sunday, December 16, 2012

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိ


Photo: အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိ

SUNDAY, 16 DECEMBER 2012 12:52

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်စေရန် ရည်ရွယ်လျက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံ ထားရှိလျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သတင်းရရှိပါသည်။

အဆိုပါ ရုပ်ပွားတော်အား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ၌ ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရှိရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဆင်းတုတော် ရောင်တော်ဖွင့်ပူဇော်ပွဲ၊ အိန္ဒိယမှ ဘုရားဓာတ်ပုံများနှင့် ဓာတ်ပုံဝါသနာရှင် ဦးသန်းဇော်တို့၏ ဓာတ်ပုံများပါဝင်သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ပြပွဲတို့အား ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဗုဒ္ဓ၀င်ပြခန်း လာရင်းနဲ့လည်း တက်ပြီးဖူးကြပါတယ်။ အများပြည်သူ ဖူးမြော်နိုင်ဖို့အတွက် စီစဉ်ထားပြီး ဒီသဲကျောက်ဆင်းတုတော် ရောင်တော်ဖွင့်ပွဲ မလုပ်မီကတည်းက ဘုရားဖူးတွေ ၀င်ရောက်ဖူးမြော်နေကြတာ ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောပြခဲ့ပါသည်။

ရုပ်ပွားတော်အား ပြတိုက်ဗုဒ္ဓ၀င်ပြခန်းအနီး အနောက်ဘက်မုခ် ကုန်းတော်ပေါ်တွင် ထားရှိအပူဇော်ခံလျက်ရှိပြီး ရုပ်ပွားတော်အနီးရှိ အနောက်ဘက်မုခ် စောင်းတန်းတစ်လျှောက်တွင် စောင်းတန်းအသစ်များ တည်ဆောက်ခြင်း၊ စောင်းတန်းတစ်လျှောက် စက်လှေကား၊ ဓာတ်လှေကားများ အသစ်တပ်ဆင်ခြင်း၊ စောင်းတန်းတစ်လျှောက် သာယာလှပစေရန်နှင့် အလှဆင်ပန်းများ၊ ပြကွင်းပြကွက်များ တည်ဆောက်ခြင်းနှင့် ပြတိုက်ဗုဒ္ဓ၀င်ပြခန်းအား အသစ်ပြန်လည် ပြုပြင်မွမ်းမံသွားရန်အတွက် လုပ်ငန်းငါးမျိုးပိုင်းခြား၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

“အနောက်ဘက်မုခ် စည်ကားဖို့အတွက် အဆင့်မြင့် မွမ်းမံမှုတွေကို ပြုလုပ်ဖို့ အခုကတည်းက လုပ်ငန်းစနေပါပြီ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

ယင်းရုပ်ပွားတော်သည် အိန္ဒိယနိုင်ငံ ဆာရ်နတ်၌ သဲကျောက်ဖြင့် ထုလုပ်ပူဇော်ထားသော ရုပ်ပွားတော်ကြီး၏ ပုံစံတူ သဲကျောက်ရုပ်ပွားတော်ဖြစ်ပြီး အမြင့်ပေအားဖြင့် ၁၆ ပေမြင့်မားကြောင်း သိရသည်၊၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ် ယင်းရုပ်ပွားတော်၏ ပုံစံငယ်အား သာသနာရေးဝန်ကြီးဌာနထံ လှူဒါန်းခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု အခြေစိုက် Light of Buddhaharma Foundation International မှ ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းလောင်းသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ကြေးခေါင်းလောင်းအား ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ဗုဒ္ဓ၀င်ပြခန်းအနီး အနောက်ဘက်ကုန်းတော်ပေါ်တွင် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာရုပ်ပွားတော်နှင့်အတူ ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာရုပ်ပွားတော်အား အနောက်ဘက်မုခ်ရှိ ကုန်းတော်ပေါ်တွင်တွေ့ရစဉ်မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်စေရန် ရည်ရွယ်လျက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ် ထားသော ဓမ္မစက္ကမုဒြာ ရုပ်ပွားတော်အား အများပြည်သူဖူးမြော်နိုင် ရန် ရွှေတိဂုံစေတီတော်တွင် အပူဇော်ခံထားရှိလျက်ရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သတင်းရရှိပါသည်။

အဆိုပါ ရုပ်ပွားတော်အား ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ရွှေတိဂုံစေ တီတော်သို့ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ၌ ပင့်ဆောင်ရောက် ရှိခဲ့ကြောင်း သိရှိရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဆင်း တုတော် ရောင်တော်ဖွင့် ပူဇော်ပွဲ၊ အိန္ဒိယမှ ဘုရားဓာတ်ပုံများနှင့် ဓာတ်ပုံဝါသနာရှင် ဦးသန်းဇော်တို့၏ ဓာတ်ပုံများပါဝင်သော ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ် ပြပွဲတို့အား ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် ချမ်းသာကြီး တန်ဆောင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဗုဒ္ဓ၀င်ပြခန်း လာရင်းနဲ့လည်း တက်ပြီးဖူးကြပါတယ်။ အများပြည်သူ ဖူးမြော်နိုင်ဖို့အတွက် စီစဉ်ထားပြီး ဒီသဲကျောက်ဆင်းတုတော် ရောင်တော်ဖွင့်ပွဲ မလုပ်မီကတည်းက ဘုရားဖူးတွေ ၀င်ရောက်ဖူးမြော်နေ ကြတာ ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောပြ ခဲ့ပါသည်။

ရုပ်ပွားတော်အား ပြတိုက်ဗုဒ္ဓ၀င်ပြခန်းအနီး အနောက်ဘက်မုခ် ကုန်းတော်ပေါ်တွင် ထားရှိအပူဇော်ခံလျက် ရှိပြီး ရုပ်ပွားတော်အနီးရှိ အနောက်ဘက်မုခ် စောင်းတန်းတစ်လျှောက်တွင် စောင်းတန်းအသစ်များ တည်ဆောက်ခြင်း၊ စောင်းတန်းတစ်လျှောက် စက်လှေကား၊ ဓာတ်လှေကားများ အသစ်တပ် ဆင်ခြင်း၊ စောင်းတန်းတစ်လျှောက် သာယာလှပစေရန်နှင့် အလှဆင်ပန်းများ၊ ပြကွင်းပြကွက်များ တည်ဆောက်ခြင်းနှင့် ပြတိုက်ဗုဒ္ဓ၀င်ပြခန်းအား အသစ်ပြန်လည် ပြုပြင်မွမ်းမံသွားရန်အတွက် လုပ်ငန်း ငါးမျိုးပိုင်းခြား၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

“အနောက်ဘက်မုခ် စည်ကားဖို့အတွက် အဆင့်မြင့် မွမ်းမံမှုတွေကို ပြုလုပ်ဖို့ အခုကတည်းက လုပ်ငန်း စနေပါပြီ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

ယင်းရုပ်ပွားတော်သည် အိန္ဒိယနိုင်ငံ ဆာရ်နတ်၌ သဲကျောက်ဖြင့် ထုလုပ်ပူဇော်ထားသော ရုပ်ပွားတော်ကြီး၏ ပုံစံတူ သဲကျောက်ရုပ်ပွားတော်ဖြစ်ပြီး အမြင့်ပေအားဖြင့် ၁၆ ပေမြင့်မားကြောင်း သိရ သည်၊၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ် ယင်း ရုပ်ပွားတော်၏ ပုံစံငယ်အား သာသနာရေးဝန်ကြီးဌာနထံ လှူဒါန်းခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု အခြေစိုက် Light of Buddhaharma Foundation International မှ ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့် ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းလောင်းသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက် ရှိနေပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ကြေးခေါင်းလောင်းအား ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ဗုဒ္ဓ၀င်ပြခန်းအနီး အနောက်ဘက် ကုန်းတော်ပေါ်တွင် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် သဲကျောက်ဖြင့် ထုလုပ်ထားသော ဓမ္မစက္ကမုဒြာရုပ် ပွားတော်နှင့်အတူ ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment