Sunday, December 16, 2012

တရုတ်နှစ်သစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ် ကုန်သည်အများစု လာရောက်ဝယ်ယူလျက် ရှိသော်လည်း ဈေးနှုန်းရရှိမှု နည်းပါး


Photo: တရုတ်နှစ်သစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် တရုတ်
ကုန်သည်အများစု လာရောက်ဝယ်ယူလျက် ရှိသော်လည်း ဈေးနှုန်းရရှိမှု နည်းပါး  
Sunday, 16 December 2012

တရုတ်နှစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ရွှေလီ၊ ကြယ်ခေါင်နှင့် တရုတ်ပြည်မကြီးမှ ကုန်သည်အများစု လာရောက်ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

နယ်စပ်မှ ကျောက်ကုန်သည် အများစု ကျောက်စိမ်းဈေးကွက်တွင် လာရောက်ဝယ်ယူမှု များပြားသော်လည်း ဈေးပေးဝယ်ယူမှုနှုန်းမှာ ယခင်နှစ်များကကဲ့သို့ ကောင်းမွန်ခြင်း မရှိကြောင်းလည်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါသည်။ မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ဖားကန့်၊ ဆိုင်းတောင်ဒေသများမှ ကျောက်စိမ်းဝင်ရောက်မှု ပုံမှန်ရှိနေသော်လည်း လမ်းပိုင်းအခြေအနေအရ သယ်ယူခနှုန်းထားများ မြင့်တက်လျက်ရှိသည်။

နေပြည်တော်တွင် ကျောက်မျက်ပြပွဲရှိသဖြင့် ငွေကြေးတတ်နိုင်သည့် ကုန်သည်အများစုမှာ ယင်းပြပွဲသို့ သွားရောက်ဝယ်ယူမှုများ ရှိသော်လည်း တရုတ်ကုန်သည်များသာ ဈေးပေးဝယ်ယူမှု များပြားကြောင်း သိရသည်။

“နေပြည်တော်ပြပွဲက ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိမှာ ကုန်သည်ပေါင်း ၂၇၀၀ ကျော် လာတယ်။ ကျောက်လော့တွဲ အရေအတွက်က ၁၅၀၀ ပဲရှိတယ်။ ကုန်သည်များတော့ ၀ယ်လိုအား
များတဲ့အတွက် ဈေးမြောက်တယ်။ ပြည်တွင်းကုန်သည်က ကျပ် ၁၅ သိန်းနဲ့ စဈေးပေးတဲ့ ကျောက်တွဲကို တရုတ်ကုန်သည်က ကျပ်သိန်း ၄၀၀
ပေးဝယ်သွားတယ်။ အဲဒီပြပွဲကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက်ကို သက်ရောက်မှု မရှိပါဘူး” ဟု နေပြည်တော် ကျောက်မျက်ပြပွဲသို့ သွားရောက်ဝယ်ယူခဲ့သည့် ကျောက်စိမ်းအထည် လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

နှစ်စဉ် တရုတ်နှစ်သစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်သို့ နယ်စပ်မှ ကုန်သည်များ အပါအ၀င်  တရုတ်ပြည်မကြီးမှ ကုန်သည်များပါ တိုက်ရိုက်လာရောက် ၀ယ်ယူလေ့ရှိရာ ဈေးပေးဝယ်ယူခြင်း မရှိသည်မှာ ယခုနှစ်အပါအ၀င် နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

“နှစ်စဉ် တရုတ်နှစ်သစ်ကူးနီးရင် ပစ္စည်းကောင်းတဲ့ ကျောက်မပြောနဲ့
ကျောက်အစုတ်အပြတ်ကအစ ရောင်းထွက်တယ်။ အကုန်ဝယ်တာ။ အရောင်းအ၀ယ် ဖြစ်တယ်ဆိုတာ ကျောက်သမားအားလုံးနီးနီး သူ့လိုင်းနဲ့သူ ဈေးရတယ်ဆိုတာချည်းပါ။ အခုက ကံကောင်းတဲ့
သူလောက်သာ မရှုံးပဲ အမြတ်ရတာ။ အားလုံးနီးနီး အရောင်းအ၀ယ်
မဖြစ်တာ မဟုတ်ဘဲ အရောင်းအ၀ယ်ဖြစ်ပြီး အရင်ကလောက်
ဈေးမရတာပါ။ အခုချိန်လာဝယ်တဲ့ တရုတ်တွေက ၀ိုင်းထဲမှာ အများကြီးပဲ။ ဒါပေမယ့် ဈေးမပေးတော့ဘူး။ နောက်ပြီး ရွှေလီက လာဝယ်တဲ့ ကုန်သည်နဲ့ ပြည်မကလာဝယ်တဲ့ ကုန်သည်ဈေးပေးဝယ်ခြင်း တူပါဘူး။ ရွှေလီက အိမ်ခံတရုတ်ကုန်သည်တွေက မန္တလေးထိ ဆင်းဝယ်ပေမယ့် ဈေးနှိမ်တယ်။ သူတို့က ရွှေလီမှာ ပြန်ရောင်းတယ်။ တစ်ခါတလေနဲ့ ခုလိုနှစ်သစ်ကူးချိန်မှာ တရုတ်ပြည်မကကုန်သည် ဆင်းဝယ်တဲ့ချိန်နဲ့ ဆုံရင်တော့ ဈေးပိုရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သူတို့နိုင်ငံမှာ အခွန်က ၃၉ ဒသမ ၄ ရာခိုင်နှုန်းထိ တဖြည်းဖြည်း တိုးဆောင်ရသလို သူတို့နိုင်ငံမှာ ပြပွဲမလုပ်ခင်ကာလအထိ
ငွေအောင်းရတယ်။ နောက်ပြီး အရင်လို ကျောက်စိမ်းလုပ်တဲ့ သူတွေကို အစိုးရက ငွေထုတ်မချေးတော့တာတွေကလည်း ပြည်တွင်းကျောက်စိမ်း ဈေးကွက်ကို သက်ရောက်လာတာပါ” ဟု မန္တလေး ကျောက်မျက်ဈေးအတွင်းမှ ကုန်သည်တစ်ဦးက ဆိုသည်။

Eleven Media Groupတရုတ်နှစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ရွှေလီ၊ ကြယ်ခေါင်နှင့် တရုတ်ပြည်မကြီးမှ ကုန်သည်အများစု လာရောက် ၀ယ်ယူ လျက်ရှိကြောင်း သတင်းရရှိပါသည်။
နယ်စပ်မှ ကျောက်ကုန်သည် အများစု ကျောက်စိမ်းဈေးကွက်တွင် လာရောက်ဝယ်ယူမှု များပြားသော်လည်း ဈေးပေးဝယ်ယူမှုနှုန်းမှာ ယခင်နှစ်များကကဲ့သို့ ကောင်းမွန်ခြင်း မရှိကြောင်းလည်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါသည်။ မန္တလေး ကျောက်စိမ်းဈေးကွက်တွင် ဖားကန့်၊ ဆိုင်းတောင်ဒေသများမှ ကျောက်စိမ်းဝင်ရောက်မှု ပုံမှန် ရှိနေသော်လည်း လမ်းပိုင်းအခြေအနေအရ သယ်ယူခနှုန်းထားများ မြင့်တက်လျက်ရှိသည်။

နေပြည်တော်တွင် ကျောက်မျက်ပြပွဲရှိသဖြင့် ငွေကြေးတတ်နိုင်သည့် ကုန်သည်အများစုမှာ ယင်းပြပွဲသို့ သွားရောက်ဝယ်ယူမှုများ ရှိသော်လည်း တရုတ်ကုန်သည်များသာ ဈေးပေးဝယ်ယူမှု များပြားကြောင်း သိရ သည်။

“နေပြည်တော်ပြပွဲက ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိမှာ ကုန်သည်ပေါင်း ၂၇၀၀ ကျော် လာတယ်။ ကျောက်လော့တွဲ အရေအတွက်က ၁၅၀၀ ပဲရှိတယ်။ ကုန်သည်များတော့ ၀ယ်လိုအားများတဲ့ အတွက် ဈေးမြောက်တယ်။ ပြည်တွင်းကုန်သည်က ကျပ် ၁၅ သိန်းနဲ့ စဈေးပေးတဲ့ ကျောက်တွဲကို တရုတ်ကုန်သည်က ကျပ်သိန်း ၄၀၀ပေးဝယ်သွားတယ်။ အဲဒီပြပွဲကြောင့် မန္တလေး ကျောက်စိမ်းဈေး ကွက်ကို သက်ရောက်မှုမရှိပါဘူး” ဟု နေပြည်တော် ကျောက်မျက်ပြပွဲသို့ သွားရောက် ၀ယ်ယူ ခဲ့သည့် ကျောက်စိမ်း အထည် လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

နှစ်စဉ် တရုတ်နှစ်သစ်ကူးနီးချိန် မန္တလေး ကျောက်စိမ်းဈေးကွက်သို့ နယ်စပ်မှ ကုန်သည်များ အပါအ၀င် တရုတ်ပြည်မကြီးမှ ကုန်သည်များပါ တိုက်ရိုက်လာရောက် ၀ယ်ယူလေ့ရှိရာ ဈေးပေးဝယ်ယူခြင်း မရှိသည်မှာ ယခုနှစ်အပါအ၀င် နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

“နှစ်စဉ် တရုတ်နှစ်သစ်ကူးနီးရင် ပစ္စည်းကောင်းတဲ့ ကျောက်မပြောနဲ့ ကျောက်အစုတ် အပြတ်က အစ ရောင်း ထွက်တယ်။ အကုန်ဝယ်တာ။ အရောင်း အ၀ယ် ဖြစ်တယ်ဆိုတာ ကျောက်သမားအားလုံး နီးနီး သူ့လိုင်းနဲ့သူ ဈေးရတယ်ဆိုတာချည်းပါ။ အခုက ကံကောင်းတဲ့သူလောက်သာ မရှုံးပဲ အမြတ်ရတာ။ အားလုံးနီးနီး အရောင်းအ၀ယ်မဖြစ်တာ မဟုတ်ဘဲ အရောင်းအ၀ယ်ဖြစ်ပြီး အရင်ကလောက်ဈေးမရတာပါ။ အခုချိန်လာဝယ်တဲ့တရုတ်တွေက ၀ိုင်းထဲမှာ အများကြီးပဲ။ ဒါပေမယ့် ဈေး မပေးတော့ ဘူး။ နောက် ပြီး ရွှေလီက လာဝယ်တဲ့ ကုန်သည်နဲ့ ပြည်မကလာဝယ်တဲ့ ကုန်သည်ဈေးပေးဝယ်ခြင်း တူ ပါဘူး။ ရွှေလီက အိမ်ခံတရုတ်ကုန်သည်တွေက မန္တလေးထိ ဆင်းဝယ်ပေမယ့် ဈေးနှိမ်တယ်။ သူတို့ က ရွှေလီ မှာ ပြန်ရောင်း တယ်။ တစ်ခါတလေနဲ့ ခုလိုနှစ်သစ်ကူးချိန်မှာ တရုတ်ပြည်မကကုန်သည် ဆင်းဝယ်တဲ့ချိန်နဲ့ ဆုံရင်တော့ ဈေးပိုရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သူတို့နိုင်ငံမှာ အခွန်က ၃၉ ဒသမ ၄ ရာခိုင်နှုန်းထိ တဖြည်းဖြည်း တိုးဆောင်ရသလို သူတို့နိုင်ငံမှာ ပြပွဲမလုပ်ခင်ကာလအထိ
ငွေအောင်းရတယ်။ နောက်ပြီး အရင်လို ကျောက်စိမ်းလုပ်တဲ့ သူတွေကို အစိုးရက ငွေထုတ် မချေးတော့ တာတွေကလည်း ပြည်တွင်းကျောက်စိမ်း ဈေးကွက်ကို သက်ရောက်လာတာပါ” ဟု မန္တလေး ကျောက် မျက်ဈေးအတွင်းမှ ကုန်သည်တစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment