Wednesday, December 12, 2012

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေသော ရခိုင်ငှက်ပျောသီး ဈေးကောင်းရ

Photo: ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေသော ရခိုင်ငှက်ပျောသီး ဈေးကောင်းရ
Wednesday, December 12, 2012 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ဒေသများမှ
ရခိုင်ငှက်ပျောသီးများအား အ၀ယ်လိုက် လျှက်ရှိပြီးဈေးကောင်းရလျက်
ရှိကြောင်း မောင်တောနယ်စပ် ငှက်ပျောသီးကုန်သည်များထံကသိရှိရသည်။

ရခိုင်ပြည်နယ်ရှိ ပြုံးမချောင်းဒေသ ၊ မင်းကြီးရွာ ၊ တရိန်း ၊စံကားပင်ရင်း ၊ ၀က်ကျိန်း ၊ လဘော် စသည့်ဒေသများတွင် ငှက်ပျောသီးများစိုက်ပျိုးကြပြီး
နေ့စဉ် ငှက်ပျောသီးအခိုင်ရေထောင်နှင့်ချီပြီး ထွက်လျှက်ရှိပြီး
မောင်တောနယ်စပ် ဈေးကွက် သို့ရောက်လျှက်ရှိကြောင်း  ငှက်ပျောစိုက်တောင်သူများထံမှ သိရှိရသည်။

“အရင်က ရခိုင်မှာ ဘင်္ဂလီနဲ့ ပဋိပက္ခဖြစ်နေတော့ ငှက်ပျောသီးအ၀ယ်မရှိဘူး အခုနယ်မြေက အေးချမ်းသွားတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ငှက်ပျောသီး တင်ပို့တော့၊ရောင်းအားလည်းကောင်းလာတယ်။ အရောင်းများတာကတော့ ရခိုင်ငှက်ပျောသီးပါ” ဟုမောင်တောမြောက်ပိုင်း ကြိမ်ချောင်းဈေးမှ ငှက်ပျောသီးကုန်သည်တစ်ဦးဖြစ်သူဦးမောင်လုံးက ပြောသည်။

၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂလီလူမျိုးများ ပဋိပက္ခဖြစ်ပေါ်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ခြင်းနှင့်
အစားအစာများရောင်းချခြင်းကို ဖြတ်တောက်ခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင်နယ်မြေပြန် လည်အေးချမ်းလာခြင်းကြောင့် ငှက်ပျောသီးတင်ပို့ရောင်းချကြောင်း၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရောင်းချနေသော ငှက်ပျောသီးအမျိုးအစား(၈)မျိုးခန့်ရှိပြီး
 အဆိုပါ ငှက်ပျောသီးအမျိုးအစားမှာ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း ၊ ကတိုး ၊ ဆေးဖောက် နှင့် ဟင်းစားသီး(ငှက်ပျောသီး)တို့ဖြစ်သည်။

အဆိုပါ ငှက်ပျောသီးများကို ရခိုင်ပြည်နယ်မှ ဘုတ် ၊ စက်လှေများဖြင့်
ပြုံးမချောင်းရေကြောင်းလမ်းအတိုင်း သယ်ယူပြီး ငါးခူရ ၊ တောင်ပြို
နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရောင်းချသည်ဟု
ငှက်ပျောစိုက်တောင်သူများက ဆိုသည်။

“ဘင်္ဂလားဒေ့ရှ်က ၀ယ်လိုအားကောင်းလာတယ် ၊ ငှက်ပျောသီးကို
ဥယာဉ်ခြံစိုက်ခင်းတွေအထိ ဈေးကောင်းပေးပြီး ၀ယ်နေကြတယ်၊
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဘင်္ဂလီတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂလီတွေနဲ့ကမတူကြဘူး၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေကရခိုင်ငှက်ပျောသီးကိုဝယ်ကြတယ်” ဟု မင်းကြီးကျေးရွာမှ
ငှက်ပျောသီးစိုက်ပျိုးသူ ဦးဒုံးလှအောင်က ပြောသည်။

ရခိုင်ငှက်ပျောသီးကို နိုဝင်ဘာလအတွင်းတွင်တစ်ခိုင်လျှင်(၁၀၀၀)ကျပ်နှုန်း
ဖြင့် ရောင်းချနေရာမှဒီဇင်ဘာလဆန်းပိုင်း မှစပြီး အခိုင်အရေ အတွက်
ပေါ်မှုတည်ပြီး(၁၃၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းအားရှိကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဈေး ကွက်တွင်ရခိုင်ငှက်ပျောသီးတစ်ခိုင်လျှင် တာကာငွေ (၃၀၀) မှ (၅၀၀) အထိရှိသည်ဟုမောင်တောနယ်စပ်မှ ငှက်ပျောသီးကုန်သည်များထံမှ သိရှိရသည်။

အာရကန်ကိုကို - မောင်တော(မြစ်မခ)
Myit Makha Mediagroup ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ဒေသ များမှ ရခိုင်ငှက်ပျောသီးများအား အ၀ယ်လိုက် လျှက်ရှိပြီးဈေးကောင်းရလျက် ရှိကြောင်း မောင်တောနယ်စပ် ငှက်ပျောသီးကုန်သည်များထံကသိရှိရသည်။

ရခိုင်ပြည်နယ်ရှိ ပြုံးမချောင်းဒေသ ၊ မင်းကြီးရွာ ၊ တရိန်း ၊စံကားပင်ရင်း ၊ ၀က်ကျိန်း ၊ လဘော် စသည့်ဒေသများတွင် ငှက်ပျောသီးများစိုက်ပျိုးကြပြီး နေ့စဉ် ငှက်ပျောသီးအခိုင်ရေထောင်နှင့်ချီပြီး ထွက်လျှက်ရှိပြီး မောင်တောနယ်စပ် ဈေးကွက် သို့ရောက်လျှက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ သိရှိရသည်။

“အရင်က ရခိုင်မှာ ဘင်္ဂလီနဲ့ ပဋိပက္ခဖြစ်နေတော့ ငှက်ပျောသီးအ၀ယ်မရှိဘူး အခုနယ်မြေက အေးချမ်းသွားတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ငှက်ပျောသီး တင်ပို့တော့၊ရောင်းအားလည်းကောင်းလာတယ်။ အရောင်းများတာကတော့ ရခိုင်ငှက်ပျောသီးပါ” ဟုမောင်တောမြောက်ပိုင်း ကြိမ်ချောင်းဈေးမှ ငှက်ပျောသီးကုန်သည်တစ်ဦးဖြစ်သူဦးမောင်လုံးက ပြောသည်။

၂၀၁၂ခုနှစ် ဇွန်လပိုင်းတွင် ရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂလီလူမျိုးများ ပဋိပက္ခဖြစ်ပေါ်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ခြင်းနှင့်
အစားအစာများရောင်းချခြင်းကို ဖြတ်တောက်ခဲ့ပြီး ဒီဇင်ဘာလအတွင်းတွင်နယ်မြေပြန် လည်အေးချမ်းလာခြင်းကြောင့် ငှက်ပျောသီးတင်ပို့ရောင်းချကြောင်း၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရောင်းချနေသော ငှက်ပျောသီးအမျိုးအစား(၈)မျိုးခန့်ရှိပြီး အဆိုပါ ငှက်ပျောသီးအမျိုးအစားမှာ ရခိုင်ငှက်ပျောသီး၊ ဖီးကြမ်း ၊ ကတိုး ၊ ဆေးဖောက် နှင့် ဟင်းစားသီး(ငှက်ပျောသီး)တို့ဖြစ်သည်။

အဆိုပါ ငှက်ပျောသီးများကို ရခိုင်ပြည်နယ်မှ ဘုတ် ၊ စက်လှေများဖြင့် ပြုံးမချောင်းရေကြောင်းလမ်းအတိုင်း သယ်ယူပြီး ငါးခူရ ၊ တောင်ပြို နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရောင်းချသည်ဟု ငှက်ပျောစိုက်တောင်သူများက ဆိုသည်။

“ဘင်္ဂလားဒေ့ရှ်က ၀ယ်လိုအားကောင်းလာတယ် ၊ ငှက်ပျောသီးကို ဥယာဉ်ခြံစိုက်ခင်းတွေ အထိ ဈေးကောင်းပေးပြီး ၀ယ်နေကြတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဘင်္ဂလီတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂလီတွေနဲ့ကမတူကြဘူး၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေကရခိုင်ငှက်ပျောသီးကို ၀ယ်ကြတယ်” ဟု မင်းကြီးကျေးရွာမှ ငှက်ပျောသီးစိုက်ပျိုးသူ ဦးဒုံးလှအောင်က ပြောသည်။

ရခိုင်ငှက်ပျောသီးကို နိုဝင်ဘာလအတွင်းတွင်တစ်ခိုင်လျှင်(၁၀၀၀)ကျပ်နှုန်း ဖြင့် ရောင်းချနေရာမှဒီဇင်ဘာလဆန်းပိုင်း မှစပြီး အခိုင်အရေ အတွက် ပေါ်မှုတည်ပြီး(၁၃၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိ ရောင်းအားရှိကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဈေး ကွက်တွင်ရခိုင်ငှက်ပျောသီးတစ်ခိုင်လျှင် တာကာငွေ (၃၀၀) မှ (၅၀၀) အထိရှိသည်ဟုမောင်တောနယ်စပ်မှ ငှက်ပျောသီးကုန်သည်များထံမှ သိရှိရသည်။

From : အာရကန်ကိုကို - မောင်တော(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment