Wednesday, December 12, 2012

နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်


နာနီကို ခေါ်ယူဖွယ် ရှိသည့် အာဆင်နယ်

အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေးစင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ်အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း ကပ် ချိတ်ဆက် လာနိုင်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဝင်းဂါးသည် သီအို ဝဲလ်ကော့တ်ကို သက်တမ်းတိုး စာချုပ်ရေး ကြိုးပမ်းမှု မအောင်မြင် သည့်နောက် တောင်ပံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ လတ်တလောတွင် ခရစ္စတယ်လ် ပဲလေ့စ်မှ ဝီလ်ဖရက်ဒ် ဇာဟာသည်လည်း အမ်းမရိတ်စ်သို့ ရောက်ရှိ နိုင်ကြောင်း သတင်းကြီး နေသည်။

မန်ယူသည်လည်း စာချုပ် သက်တမ်း (၁) နှစ်ခွဲမျှသာ ကျန်ရှိပြီး အသင်းနှင့် သက်တမ်း တိုးရေး အဆင်မပြေ ဖြစ်နေသည့် နာနီကို ရောင်းထုတ်ဖြစ်ဖွယ် ရှိနေသည်။ နာနီသည် (၂၀၀၇) ခုနှစ်က ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းမှ ပေါင်စတာလင် (၁၄) သန်းဖြင့် ပြောင်းရွှေ့ လာပြီးနောက် ယမန်နှစ် ဘောလုံး ရာသီထိ ခြေစွမ်းပြ နိုင် ခဲ့သည်။ သို့သော် လည်း လက်ရှိ ရာသီတွင်မူ နာနီသည် အရန် ခုံတွင်သာ ထိုင်နေရသလို ဒဏ်ရာ ပြဿ နာ များနှင့်လည်း ကြုံနေရသည်။ 

အသက် (၂၆) နှစ်ရှိ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင် စတာလင် (၉၀၀၀၀) ရရှိနေပြီး စာချုပ်သစ်တွင် တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀) ထိ ပေးချေရန် တောင်းဆို ခဲ့သည့် တိုင် မန်ယူက ငြင်းဆန်ထားသည်။ အာဆင်နယ်သည် အသင်းတွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများ ဖြစ်သော အင်ဒရီ အက်ရှ်ဗင်နှင့် လူးကက်စ် ပိုဒေါ့စကီး တို့အား တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀) မျှ လုပ်ခ လစာ ပေးချေ ထားခဲ့သည်။

နာနီကို PSG နှင့် ဇင်းနစ် စိန့်ပီတာ စဘာ့ဂ်တို့က စိတ်ဝင်စား နေသလို ချယ်လ်ဆီး က စောင့်ကြည့် နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

http://www.myawady.net.mm/sport/globalsportnews/item/1478-2012-12-12-07-59-10အာဆင်နယ် အသင်းသည် မန်ချက်စတာ ယူနိုက်တက် တောင်ပံလူ လူးဝစ် နာနီကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ သည်။ အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးသည် ပေါ်တူဂီ လက်ရွေး စင် ကစား သမားကို ဇန်နဝါရီ လတွင် အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ် အဖြစ် ပေါင်စတာလင် သန်း (၂၀) မျှဖြင့် ချဉ်း ကပ် ချိတ်ဆက် လာနိုင်ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
ဝင်းဂါးသည် သီအိုဝဲလ်ကော့တ်ကို သက်တမ်းတိုး စာချုပ်ရေး ကြိုးပမ်းမှု မအောင်မြင် သည့်နောက် တောင် ပံ ကစားသမားသစ် တစ်ဦးကို ရှာဖွေနေဆဲ ဖြစ်သည်။ လတ်တလောတွင် ခရစ္စ တယ် လ် ပဲလေ့စ်မှ ဝီလ်ဖရက်ဒ် ဇာဟာသည်လည်း အမ်းမရိတ်စ်သို့ ရောက်ရှိ နိုင်ကြောင်း သတင်းကြီး နေသည်။

မန်ယူသည်လည်း စာချုပ်သက်တမ်း (၁) နှစ်ခွဲမျှသာ ကျန်ရှိပြီး အသင်းနှင့်သက်တမ်းတိုးရေး အဆင် မပြေ ဖြစ်နေ သည့် နာနီကို ရောင်းထုတ်ဖြစ်ဖွယ် ရှိနေသည်။ နာနီသည် (၂၀၀၇) ခုနှစ်က ပေါ်တူဂီ ကလပ် စပို့တင်း လစ္စဘွန်းမှ ပေါင်စတာလင် (၁၄) သန်းဖြင့် ပြောင်းရွှေ့ လာပြီးနောက် ယမန်နှစ် ဘောလုံး ရာသီထိ ခြေစွမ်းပြ နိုင် ခဲ့သည်။ သို့သော် လည်း လက်ရှိ ရာသီတွင်မူ နာနီသည် အရန် ခုံတွင်သာ ထိုင်နေရသလို ဒဏ်ရာ ပြဿ နာ များနှင့်လည်း ကြုံနေရသည်။

အသက် (၂၆) နှစ်ရှိ နာနီသည် မန်ယူတွင် တစ်ပတ် ပေါင် စတာလင် (၉၀၀၀၀) ရရှိနေပြီး စာချုပ်သစ်တွင် တစ်ပတ် ပေါင်စတာလင်(၁၃၀၀၀၀) ထိ ပေးချေရန် တောင်းဆို ခဲ့သည့် တိုင် မန်ယူက ငြင်းဆန် ထားသည်။ အာဆင်နယ်သည် အသင်းတွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားများ ဖြစ်သော အင်ဒရီ အက်ရှ်ဗင်နှင့် လူးကက်စ် ပိုဒေါ့စကီး တို့အား တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀) မျှ လုပ်ခ လစာ ပေးချေ ထား ခဲ့သည်။

နာနီကို PSG နှင့် ဇင်းနစ် စိန့်ပီတာ စဘာ့ဂ်တို့က စိတ်ဝင်စား နေသလို ချယ်လ်ဆီး က စောင့်ကြည့် နေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
မြ၀တီ

No comments:

Post a Comment