Tuesday, December 18, 2012

ထိုင်းလေတပ် ဦးစီးချုပ် စင်ကာပူသို့ ၃ ရက်ကြာ အလည်အပတ် သွားရောက်

ထိုင်းလေတပ် ဦးစီးချုပ် Prajin Juntong သည် စင်ကာပူသို့ ၃ ရက်ကြာ အလည်အပတ် သွားရောက် လျက် ရှိကြောင်းနှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဌာန၌ ကာကွယ်ရေး ဝန်ကြီး Chan Chun Sing နှင့် တွေ့ဆုံ ခဲ့ကြောင်း သိရှိရ ပါသည်။

လေတပ် ဗိုလ်ချုပ်ကြီး Prajin သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ အစောပိုင်းတွင် စင်ကာပူ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် Ng Chee Meng နှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Cope Tiger စစ်ရေး လေ့ကျင့်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပါသည်။ 

Cope Tiger စစ်ရေး လေ့ကျင့်ခန်းအား စင်ကာပူ၊ ထိုင်းနှင့် အမေရိကန် နိုင်ငံတို့က နှစ်စဉ် ပြုလုပ်လေ့ ရှိကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/2201-2012-12-18-14-35-06
ထိုင်းလေတပ် ဦးစီးချုပ် Prajin Juntong သည် စင်ကာပူသို့ ၃ ရက်ကြာ အလည်အပတ် သွားရောက် လျက် ရှိကြောင်းနှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စင်ကာပူ ကာကွယ်ရေး ဝန်ကြီးဌာန၌ ကာကွယ်ရေး ဝန်ကြီး Chan Chun Sing နှင့် တွေ့ဆုံ ခဲ့ကြောင်း သိရှိရ ပါသည်။

လေတပ် ဗိုလ်ချုပ်ကြီး Prajin သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ အစောပိုင်းတွင် စင်ကာပူ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ် Ng Chee Meng နှင့် တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် Cope Tiger စစ်ရေး လေ့ကျင့်ခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပါသည်။
Cope Tiger စစ်ရေး လေ့ကျင့်ခန်းအား စင်ကာပူ၊ ထိုင်းနှင့် အမေရိကန် နိုင်ငံတို့က နှစ်စဉ် ပြုလုပ်လေ့ ရှိကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment