တောင်ကိုရီးယား အာဏာပိုင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက
လွှတ်တင်ခဲ့သော မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးပျံ အပျက်အစီး အစိတ်အပိုင်း
များကို လေ့လာမှု ပြုရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဒုံးပျံအစိတ်အပိုင်းများသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ
စွမ်းဆောင်ရည်ကို
အတည်ပြု နိုင်ရန်အတွက် အရေးကြီးသော အစိတ် အပိုင်းများ ဖြစ်ကြောင်း
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ
ကင်မင်ဆို့စ် က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ Unha-3 ဒုံးပျံဖြင့် ဂြိုဟ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက်
ယင်းဒုံးပျံ၏ ပထမအဆင့် အစိတ်အပိုင်းသည် ပေါက်ကွဲခဲ့ပြီး အပိုင်းလေး ပိုင်း
ပြတ်ထွက်သွား၍ တောင်ကိုရီးယား နိုင်ငံ နယ်နိမိတ်အတွင်းရှိ ပင်လယ်ဝါအတွင်းသို့ ကျရောက် ခဲ့ ကြောင်းသိရသည်။
တောင်ကိုရီးယား ရေတပ်မှ
ကယ်ဆယ်ရေး သင်္ဘော တစ်စင်းသည် ဒီဇင်ဘာ ၁၄ ရက် နံနက် ၂၆ မိနစ်က ပင်လယ်ဝါ
အတွင်းမှ အဆိုပါ အပျက်အစီး အစိတ်အပိုင်း များကို ဆယ်ယူခဲ့သည်။
ဆယ်ယူရရှိခဲ့သော အစိတ်အပိုင်းသည် အရှည် ၇ ဒသမ ၆ မီတာ၊ အချင်းဝက် ၂ ဒသမ ၎
မီတာ ရှိပြီး အလေးချိန်အားဖြင့် ၃ ဒသမ ၂ တန်ရှိကြောင်းနှင့် ယင်းအစိတ်အပိုင်းတွင် Unha ဟူသော စာလုံးကို ရေးထိုးထားကြောင်း တောင်ကိုရီးယား
ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံမှ
လက်နက်ကျွမ်းကျင် ပညာရှင်များအဖွဲ့က ယင်းအစိတ်အပိုင်း သည် နျူက လီး ယားဒုံးကျည် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိ၊ မရှိကို ဆန်းစစ် လေ့လာမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
တောင်ကိုရီးယား အာဏာပိုင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက
လွှတ်တင်ခဲ့သော မြောက်ကိုရီးယား၏ တာဝေးပစ် ဒုံးပျံ အပျက်အစီး အစိတ်အပိုင်း
များကို လေ့လာမှု ပြုရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဒုံးပျံအစိတ်အပိုင်းများသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ
စွမ်းဆောင်ရည်ကို အတည်ပြု နိုင်ရန်အတွက် အရေးကြီးသော အစိတ် အပိုင်းများ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကင်မင်ဆို့စ် က ပြောကြားခဲ့သည်။
အဆိုပါ ဒုံးပျံအစိတ်အပိုင်းများသည် မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ
စွမ်းဆောင်ရည်ကို အတည်ပြု နိုင်ရန်အတွက် အရေးကြီးသော အစိတ် အပိုင်းများ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကင်မင်ဆို့စ် က ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ Unha-3 ဒုံးပျံဖြင့် ဂြိုဟ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက်
ယင်းဒုံးပျံ၏ ပထမအဆင့် အစိတ်အပိုင်းသည် ပေါက်ကွဲခဲ့ပြီး အပိုင်းလေး ပိုင်း
ပြတ်ထွက်သွား၍ တောင်ကိုရီးယား နိုင်ငံ နယ်နိမိတ်အတွင်းရှိ ပင်လယ်ဝါအတွင်းသို့ ကျရောက် ခဲ့ ကြောင်းသိရသည်။
တောင်ကိုရီးယား ရေတပ်မှ ကယ်ဆယ်ရေး သင်္ဘော တစ်စင်းသည် ဒီဇင်ဘာ ၁၄ ရက် နံနက် ၂၆ မိနစ်က ပင်လယ်ဝါ အတွင်းမှ အဆိုပါ အပျက်အစီး အစိတ်အပိုင်း များကို ဆယ်ယူခဲ့သည်။
ဆယ်ယူရရှိခဲ့သော အစိတ်အပိုင်းသည် အရှည် ၇ ဒသမ ၆ မီတာ၊ အချင်းဝက် ၂ ဒသမ ၄ မီတာ ရှိပြီး အလေးချိန်အားဖြင့် ၃ ဒသမ ၂ တန်ရှိကြောင်းနှင့် ယင်းအစိတ်အပိုင်းတွင် Unha ဟူသော စာလုံးကို ရေးထိုးထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံမှ လက်နက်ကျွမ်းကျင် ပညာရှင်များအဖွဲ့က ယင်းအစိတ်အပိုင်း သည် နျူက လီး ယားဒုံးကျည် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ်ရှိ၊ မရှိကို ဆန်းစစ် လေ့လာမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။

No comments:
Post a Comment