Wednesday, December 5, 2012

ဆီးဂိမ်းအကြိုကာလ၌ ပုဂံညောင်ဦးဟိုတယ်များ အခန်းပြည့်နေ

Photo: ဆီးဂိမ်းအကြိုကာလ၌ ပုဂံညောင်ဦးဟိုတယ်များ အခန်းပြည့်နေ
Wednesday, December 05, 2012

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကာလ၌ ပြည်ပ
ဧည့်သည် ၀င်ရောက်မူများပြား နိုင်ကြောင်းနှင့် လက်ရှိ ပုဂံညောင်ဦးမြို့ရှိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူမူ များပြားနေကြောင်း ဟိုတယ် လုပ်ငန်းများမှ သိရှိရ သည်။

"၂၀၁၃တောင် မရောက်သေးဘူး အခုလကတည်းက ကြိုတင်မှာတာတွေနဲ့ အခန်းတွေပြည့်နေတယ်။ ဆီးဂိမ်းမှာ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင်တော့ အခန်းနည်းနည်း ချန်ထားမှာ ဖြစ်တယ်"ဟု ပုဂံမြို့ရှိ သံတဲ ဟိုတယ်မှ မန်နေဂျာ မစုစုမွန်က ပြောသည်။

ပုဂံ၊ ညောင်ဦးမြို့တွင် ဟိုတယ်(၇၅)လုံးရှိပြီး အဆင့်မြင့် ဟိုတယ် (၂၀)လုံးနှင့် ကြယ်ငါးပွင့် အဆင့် ဟိုတယ် (၁)လုံးပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် အော်ရီယံပဲလ်လေ့ဟိုတယ်၊ သီရိပစ္စယာဟိုတယ်၊ ပုဂံသံတဲဟိုတယ်၊ သရပါဟိုတယ်၊ သဇင်ဟိုတယ်၊ ထန်းဥယျာဉ်
ဟိုတယ်တို့သည် ဧည်ဝင်ရောက်မူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

အထက်ပါ ဟိုတယ်များထဲမှ အော်ရီယံပဲလ်လေ့ဟိုတယ်ရှိ အခန်းနှုန်းထားမှာ ကန်ဒေါ်လာ (၂၁၅)မှ (၁၃၆၀)အထိရှိပြီး ပုဂံသံတဲဟိုတယ်ရှိ အခန်းနှုန်းထားများမှာ ကျပ် (၄၅၀၀၀)မှ (၂၀၀၀၀၀) ၀န်းကျင် အထိရှိကြောင်း သိရှိရသည်။

"ကျွန်မတို့ ဟိုတယ်က ဆီးဂိမ်းအတွက် အခန်းတွေက လုံလောက်ပါတယ်၊ အခန်းကလည်း (၁၁၄)ခန်း လောက်ရှိတယ်၊ အခုတောင် ဧည့်သည်တွေအများကြီး ၀င်နေတာ ဆီးဂိမ်းမှာဆို ဒီထက်ပို ၀င်ရောက် လာနိုင်တယ်"ဟု အော်ရီယံပဲလ်လေ့ ဟိုတယ်မှ Assistant Supervisor မစုမွန်က ပြောသည်။

အော်ရီယံပဲလ်လေ့ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ဝင်ဟိုတယ်တစ်ခုပြီး အခန်းပေါင်း (၁၁၄)ခန်းရှိ ကာ ဆီးဂိမ်းတွင် ဧည်သည်ဝင်ရောက်မူ ပိုမိုများပြားလာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်မူများပြုလုပ် နေပြီး ဟိုတယ်အခန်းခများကို High Season နှင့် Low Season
နှစ်မျိုးခွဲ ခြားထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါဒေသသို့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ စပိန်၊ အာရှနိုင်ငံများနှင့် အခြားနိုင်ငံအသီးသီးတို့မှ ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်လျက်ရှိပြီး ဟိုတယ်များအား သဘာဝရှုခင်းများကောင်းမွန်သည့် အချက်အချာ
နေရာများနှင့် ဧရာဝတီမြစ်ကမ်းဘေး တို့တွင် တည်ဆောက်ထားကြောင်း သိရှိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroupမြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကာလ၌ ပြည်ပ
ဧည့်သည် ၀င်ရောက်မူများပြား နိုင်ကြောင်းနှင့် လက်ရှိ ပုဂံညောင်ဦး မြို့ရှိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူမူ များပြားနေကြောင်း ဟိုတယ် လုပ်ငန်းများမှ သိရှိရ သည်။"၂၀၁၃တောင် မရောက်သေးဘူး အခုလကတည်းက ကြိုတင်မှာတာတွေနဲ့ အခန်းတွေပြည့်နေတယ်။ ဆီးဂိမ်းမှာ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင်တော့ အခန်းနည်းနည်း ချန်ထားမှာ ဖြစ်တယ်"ဟု ပုဂံမြို့ရှိ သံတဲ ဟိုတယ်မှ မန်နေဂျာ မစုစုမွန်က ပြောသည်။ ပုဂံ၊ ညောင်ဦးမြို့တွင် ဟိုတယ်(၇၅)လုံးရှိပြီး အဆင့်မြင့် ဟိုတယ် (၂၀)လုံးနှင့် ကြယ်ငါးပွင့် အဆင့် ဟိုတယ် (၁)လုံးပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် အော်ရီယံပဲလ်လေ့ဟိုတယ်၊ သီရိပစ္စယာဟိုတယ်၊ ပုဂံသံတဲဟိုတယ်၊ သရပါဟိုတယ်၊ သဇင်ဟိုတယ်၊ ထန်းဥယျာဉ်ဟိုတယ်တို့သည် ဧည်ဝင်ရောက်မူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။
အထက်ပါ ဟိုတယ်များထဲမှ အော်ရီယံပဲလ်လေ့ဟိုတယ်ရှိ အခန်းနှုန်းထားမှာ ကန်ဒေါ်လာ (၂၁၅)မှ (၁၃၆၀)အထိရှိပြီး ပုဂံသံတဲဟိုတယ်ရှိ အခန်းနှုန်းထားများမှာ ကျပ် (၄၅၀၀၀)မှ (၂၀၀၀၀၀) ၀န်းကျင် အထိရှိကြောင်း သိရှိရသည်။
"ကျွန်မတို့ ဟိုတယ်က ဆီးဂိမ်းအတွက် အခန်းတွေက လုံလောက်ပါတယ်၊ အခန်းကလည်း (၁၁၄)ခန်း လောက် ရှိတယ်၊ အခုတောင် ဧည့်သည်တွေအများကြီး ၀င်နေတာ ဆီးဂိမ်းမှာဆို ဒီထက်ပို ၀င်ရောက် လာနိုင်တယ်"ဟု အော်ရီယံပဲလ်လေ့ ဟိုတယ်မှ Assistant Supervisor မစုမွန်က ပြောသည်။

အော်ရီယံပဲလ်လေ့ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ဝင်ဟိုတယ်တစ်ခုပြီး အခန်းပေါင်း (၁၁၄)ခန်းရှိ ကာ ဆီးဂိမ်းတွင် ဧည်သည်ဝင်ရောက်မူ ပိုမိုများပြားလာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်မူများပြုလုပ် နေပြီး ဟိုတယ်အခန်းခများကို High Season နှင့် Low Season
နှစ်မျိုးခွဲ ခြားထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါဒေသသို့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ စပိန်၊ အာရှနိုင်ငံများနှင့် အခြားနိုင်ငံအသီးသီးတို့မှ ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်လျက်ရှိပြီး ဟိုတယ်များအား သဘာဝရှုခင်းများကောင်းမွန်သည့် အချက်အချာနေရာများနှင့် ဧရာဝတီမြစ်ကမ်းဘေး တို့တွင် တည်ဆောက်ထားကြောင်း သိရှိရသည်။

  (မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment