Wednesday, December 5, 2012

VOA ရုပ်သံနှင့်ရေဒီယို ပြည်သူများ တရားဝင်ကြည့်ရှုခွင့်အတွက် ညှိနှိုင်းနေဆဲ

Photo: VOA ရုပ်သံနှင့်ရေဒီယို ပြည်သူများ တရားဝင်ကြည့်ရှုခွင့်အတွက် ညှိနှိုင်းနေဆဲ
Wednesday, 05 December 2012

ရန်ကုန်မြို့အတွင်း၌ VOA သတင်းဌာ၏ ဆိုင်းဘုတ်များ တရားဝင်စိုက်ထူ
ကြော်ငြာခွင့်ရရှိနေပြီးဖြစ်၍ မကြာမီ မြန်မာပြည်အတွင်းရှိ ရုပ်သံလိုင်းများ၌ သတင်းများကြည့်ရှုခွင့်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။

“ဆိုင်းဘုတ်တွေကတော့ တရားဝင်စိုက်ထူခွင့်ရနေပါပြီ။ ထုတ်လွှင့်ပြသ
မယ့်ရက်ကတော့ ညှိနှိုင်းနေဆဲပါ။ အတိ အကျတော့ ပြောလို့
မရသေးပါဘူး”ဟု VOA သတင်းဌာနမှ International Broadcaster တစ်ဦးဖြစ်သည့်    ဦးသိန်းထိုက်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ဈေးအနီး ဇော်ဂျီဟောက်စ်ကဖေးနှင့် မြေနီကုန်း
မီးပ္ပိုင့်အနီးတွင် ဆိုင်းဘုတ်တစ်ခုစီ တပ်ဆင်ကြော်ငြာထားပြီး တစ်ခြား
နေရာများတွင်လည်း ထပ်မံ၍ ကြော်ငြာများ တပ်ဆင်သွားဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

VOA သတင်းဌာနအနေဖြင့် ပြည်တွင်းတွင် တီဗွီသတင်းလွှာအစီအစဉ်နှင့်
ရေဒီယိုအစီအစဉ်များကိုသာ စီစဉ်တင်ဆက် သွားမည်ဖြစ်ပြီး သတင်း
ဂျာနယ်/သတင်းစာထုတ်ဝေရန် အစီအစဉ်မရှိကြောင်းကိုလည်း သိရသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် VOA သတင်းဌာန အနေဖြင့်
မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လုပ်ကိုင် ခြင်းဖြစ်သည်။

ကျော်ဇင်မန်း(မြစ်မခ)
Myit Makha Mediagroupရန်ကုန်မြို့အတွင်း၌ VOA သတင်းဌာ၏ ဆိုင်းဘုတ်များ တရားဝင် စိုက်ထူကြော်ငြာခွင့်ရရှိနေပြီးဖြစ်၍ မကြာမီ မြန်မာပြည်အတွင်းရှိ ရုပ်သံလိုင်းများ၌ သတင်းများကြည့်ရှုခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။“ဆိုင်းဘုတ်တွေကတော့ တရားဝင်စိုက်ထူခွင့်ရနေပါပြီ။ ထုတ်လွှင့်ပြသမယ့်ရက်ကတော့ ညှိနှိုင်းနေဆဲပါ။ အတိ အကျတော့ ပြော လို့မရသေးပါဘူး”ဟု VOA သတင်းဌာနမှ International  Broadcaster တစ်ဦးဖြစ်သည့် ဦးသိန်းထိုက်ဦးက ပြော သည်။လက်ရှိအချိန်တွင် ဗိုလ်ချုပ်ဈေးအနီး ဇော်ဂျီဟောက်စ်ကဖေးနှင့် မြေနီကုန်းမီးပ္ပိုင့် အနီးတွင် ဆိုင်းဘုတ် တစ်ခုစီ တပ်ဆင်ကြော်ငြာထားပြီး တစ်ခြားနေရာများတွင်လည်း ထပ်မံ၍ ကြော်ငြာများ တပ်ဆင်သွားဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။VOA သတင်းဌာနအနေဖြင့် ပြည်တွင်းတွင် တီဗွီသတင်းလွှာအစီအစဉ်နှင့်ရေဒီယိုအစီအစဉ်များကိုသာ စီစဉ်တင်ဆက် သွားမည်ဖြစ်ပြီး သတင်း ဂျာနယ်/ သတင်း စာ ထုတ်ဝေရန် အစီအစဉ်မရှိကြောင်းကိုလည်း သိရသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် VOA သတင်းဌာန အနေဖြင့်မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လုပ်ကိုင် ခြင်းဖြစ်သည်။

(မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment