Wednesday, December 26, 2012

လာမည့်ဘတ်ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တိုးရရန် တွန်းအားပေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ကဆို

Photo: လာမည့်ဘတ်ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်တိုးရရန် တွန်းအားပေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ကဆို
Wednesday, December 26, 2012 


မကြာမီပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင်
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များအား ယခင်နှစ်ထက် ပိုမိုရရှိစေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

နိုင်ငံတော် ဘတ်ဂျက်ကို အဓိကဆွေးနွေးမည့် လွှတ်တော်များ၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ ၉ ရက်တွင်
ပြုလုပ်ကျင်းပမည်ဖြစ်သည်။

ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများသည် တိုင်းပြည်အတွက် အရေးပါသော ကဏ္ဍများဖြစ်သဖြင့် အသုံးစရိတ်များ တိုးမြင့်ရရှိရေးသည် မလုပ်မဖြစ် လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။

“ဒီကဏ္ဍတွေမှာ တိုးသုံးဖို့ဆိုတာ မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အချက်ပါ။ ဘယ်လောက်အထိ တိုးသုံးရမယ်ဆိုတာကိုတော့ ဆွေးနွေးရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ လက်ရှိ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး
အခြေအနေအရ ဘယ်လောက်ထိ တိုးသုံးရမယ်ဆိုတာ ပညာရှင်တွေပါ ပါဝင်ပြီး ဆွေးနွေးရမယ့် ကိစ္စဖြစ်နေပါတယ်” ဟု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောသည်။

ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ရေးသည် အရေးကြီးသော ကိစ္စရပ် တစ်ခုဖြစ်သကဲ့သို့ ပြည်သူများ
နေထိုင်ရေးကိစ္စရပ်သည်လည်း အရေးပါသော အနေအထားတွင် ရှိလာသဖြင့် အနာဂတ်တွင် ပြည်သူများ နေထိုင်ရေးအတွက်
ဆောင်ရွက်နေသော ၀န်ကြီးဌာနများသို့ ဘတ်ဂျတ်ငွေများ ပိုမိုချထားစေလိုကြောင်း၊ ထို့ပြင် တိုင်းပြည်အတွက် လိုအပ်သော လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးချဲ့ထားသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား အသုံးစရိတ် တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတို့အနေဖြင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်သတ်မှတ်ရန် စီမံခန့်ခွဲပိုင်ခွင့်မရှိဘဲ ရွှေ့ပြောင်း
သုံးစွဲစေခြင်း၊ လျော့နည်းသုံးစွဲစေခြင်း၊ ဖြတ်တောက်ခြင်းတို့ကိုသာ ပြုလုပ်
နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

“တိုင်းပြည်မှာ အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေကို လျှော့တာတို့၊ ဖြတ်တောက်တာတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ တင်ပြလာတဲ့ စာရင်းတွေက မှန်သလား၊ လုပ်ပုံလုပ်နည်းလွဲနေသလားဆိုတာကိုပဲ စိစစ်ရမှာပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် သုံးစွဲနေသော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးအသုံးစရိတ်များတွင် ကျန်းမာရေး ဘတ်ဂျက်ကို ယခင်
အစိုးရသုံးစွဲခဲ့သည့် အသုံးစရိတ်ထက် လေးဆတိုးမြှင့် သုံးစွဲခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ဘတ်ဂျက်ခွဲဝေမှုတွင်လည်း ကျန်းမာရေးနှင့် ပညာရေး
အသုံးစရိတ်များကို ယမန်နှစ်ကထက် မလျော့နည်းစေရန်နှင့် ပိုမိုတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသား
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ ယခင်နှစ်ထက် ပိုမိုမြင့်တက်ရန်မရှိဘဲ အဆိုပါ ကိစ္စရပ်သည် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်နေပြီး လက်ရှိတိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုပါ တွက်ချက်၍ စဉ်းစား သုံးသပ်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။

“ကာကွယ်ရေး အသုံးစရိတ် လျှော့ချဖို့ဆိုရင် အကောင်းဆုံးက တပ်မတော်အနေနဲ့ ပီပြင်တဲ့ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဆက်တိုက်နေမယ်ဆိုရင် ဘတ်ဂျက်ကတော့ လိုမှာပဲ” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

အစိုးရသစ်အနေဖြင့် ၂၀၁၁ ခုနှစ် မတ် ၃၀ မှ စတင်တာဝန်ယူခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များကို ယခင်အစိုးရမှ ချမှတ်ပေးခဲ့ပြီး ၎င်းဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်အား
၁ ဒသမ ၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်နှင့်) ပညာရေးအသုံးစရိတ်အား ၄ ဒသမ ၁၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး)သာ သုံးစွဲခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အား ဘဏ္ဍာငွေတစ်ခုလုံး၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်းကို သုံးစွဲခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များအတွက် အစိုးရအဖွဲ့မှ
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆည်တည်ဆောက်မှုလုပ်ငန်း အချို့အား ဘဏ္ဍာငွေဖြတ်တောက် ခြင်း၊ ယခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖျက်သိမ်းခဲ့သော မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန၏အသုံးစရိတ်
တစ်ခုလုံးအား ဖြတ်တောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်မှ
ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ၎င်းနှစ်အတွက် ပညာရေး အသုံးစရိတ် အား ၇၅၂၀၆၆ ဒသမ ၀၅၉ သန်း သုံးစွဲခွင့်ပြုခဲ့ပြီး ကျန်းမာရေး အသုံးစရိတ်အတွက် သုံးစွဲငွေ ၃၉၂၁၉၇ ဒသမ၂၉၅ သန်း သုံးစွဲခွင့်ပြုခဲ့သည်။

7Day News Journalမကြာမီပြန်လည် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ တွင်  ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များအား ယခင်နှစ်ထက် ပိုမိုရရှိစေရန် တွန်းအားပေးဆောင် ရွက်သွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။
နိုင်ငံတော် ဘတ်ဂျက်ကို အဓိကဆွေးနွေးမည့် လွှတ်တော်များ၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို ဇန်န၀ါရီလ ၉ ရက်တွင်ပြုလုပ် ကျင်းပမည်ဖြစ်သည်။

ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများသည် တိုင်းပြည်အတွက် အရေးပါသော ကဏ္ဍများဖြစ်သဖြင့် အသုံးစရိတ်များ တိုးမြင့်ရရှိရေးသည် မလုပ်မဖြစ် လုပ်ဆောင်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

“ဒီကဏ္ဍတွေမှာ တိုးသုံးဖို့ဆိုတာ မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အချက်ပါ။ ဘယ်လောက်အထိ တိုးသုံးရမယ် ဆိုတာကိုတော့ ဆွေးနွေးရမယ့် အနေအထားမျိုး ဖြစ်နေတယ်။ လက်ရှိတိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေ အနေအရ ဘယ်လောက်ထိ တိုးသုံးရမယ်ဆိုတာ ပညာရှင်တွေပါ ပါဝင်ပြီး ဆွေးနွေးရမယ့် ကိစ္စဖြစ်နေ ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောသည်။

ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များကို တိုးမြှင့်ရေးသည် အရေးကြီးသော ကိစ္စရပ် တစ်ခုဖြစ် သကဲ့သို့ ပြည်သူများနေထိုင်ရေးကိစ္စရပ်သည်လည်း အရေးပါသော အနေအထားတွင်ရှိလာသဖြင့် အနာဂတ်တွင် ပြည်သူများ နေထိုင်ရေးအတွက်ဆောင်ရွက်နေသော ၀န်ကြီးဌာနများသို့ ဘတ်ဂျတ်ငွေများ ပိုမိုချထားစေ လိုကြောင်း၊ ထို့ပြင် တိုင်းပြည်အတွက် လိုအပ်သောလုံခြုံရေး ကိစ္စရပ်များကို ဆောင် ရွက်နိုင်ရန် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတိုးချဲ့ထားသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား အသုံးစရိတ် တိုးမြှင့်ပေး ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတို့အနေဖြင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့် သတ်မှတ်ရန် စီမံခန့်ခွဲပိုင်ခွင့်မရှိဘဲ ရွှေ့ပြောင်း သုံးစွဲစေခြင်း၊ လျော့နည်းသုံး စွဲစေခြင်း ၊ ဖြတ်တောက်ခြင်း တို့ကိုသာ ပြုလုပ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် က ပြောသည်။

“တိုင်းပြည်မှာ အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်တွေ ကို လျှော့တာ တို့၊ ဖြတ်တောက် တာတို့ လုံးဝလုပ်မှာမဟုတ်ဘူး။ တင်ပြလာတဲ့ စာရင်းတွေက မှန်သလား၊ လုပ်ပုံလုပ်နည်းလွဲနေသလား ဆိုတာကိုပဲ စိစစ်ရမှာပါ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် သုံးစွဲနေသော ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး အသုံးစရိတ် များတွင် ကျန်းမာရေးဘတ်ဂျက်ကို ယခင်အစိုးရသုံးစွဲခဲ့သည့် အသုံးစရိတ်ထက် လေးဆတိုးမြှင့် သုံးစွဲခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ဘတ်ဂျက်ခွဲဝေမှုတွင်လည်း ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်များကို ယမန်နှစ်ကထက် မလျော့နည်းစေရန်နှင့် ပိုမိုတိုးတက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ ယခင်နှစ်ထက် ပိုမိုမြင့်တက်ရန်မရှိဘဲ အဆိုပါ ကိစ္စရပ်သည် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်နေပြီး လက်ရှိတိုင်းပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုပါ တွက်ချက်၍ စဉ်းစား သုံးသပ်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဆိုသည်။

“ကာကွယ်ရေး အသုံးစရိတ် လျှော့ချဖို့ဆိုရင် အကောင်းဆုံးက တပ်မတော်အနေနဲ့ ပီပြင်တဲ့ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဆက်တိုက်နေမယ်ဆိုရင် ဘတ်ဂျက်ကတော့ လိုမှာပဲ” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။

အစိုးရသစ်အနေဖြင့် ၂၀၁၁ ခုနှစ် မတ် ၃၀ မှ စတင်တာဝန်ယူခဲ့သော်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ၏ အသုံးစရိတ်များကို ယခင်အစိုးရမှ ချမှတ်ပေးခဲ့ပြီး ၎င်းဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေး အသုံး စရိတ်အား၁ ဒသမ ၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်နှင့်) ပညာရေးအသုံးစရိတ်အား ၄ ဒသမ ၁၃ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၃၅၀ နီးပါး)သာ သုံးစွဲခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အား ဘဏ္ဍာငွေတစ်ခုလုံး၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်းကို သုံးစွဲခဲ့သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အသုံးစရိတ်များအတွက် အစိုးရအဖွဲ့မှပြည်ထောင်စုလွှတ်တော်သို့ တင်ပြ ခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဆည်တည်ဆောက်မှုလုပ်ငန်း အချို့အား ဘဏ္ဍာငွေဖြတ်တောက်ခြင်း၊ ယခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖျက်သိမ်းခဲ့သော မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏အသုံးစရိတ်တစ်ခုလုံးအား ဖြတ်တောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်မှဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး ၎င်းနှစ်အတွက် ပညာရေး အသုံးစရိတ် အား ၇၅၂၀၆၆ ဒသမ ၀၅၉ သန်း သုံးစွဲခွင့်ပြုခဲ့ပြီး ကျန်းမာရေး အသုံးစရိတ်အတွက် သုံးစွဲငွေ ၃၉၂၁၉၇ ဒသမ၂၉၅ သန်း သုံးစွဲခွင့်ပြုခဲ့သည်။

7Day News Journal

No comments:

Post a Comment