Wednesday, December 26, 2012

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

Photo: Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်  
Wednesday, 26 December 2012

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ 
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကို
နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်
တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်
အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
အနှံ့အပြားသို့ သွားရောက်ဟောပြောမှုများ ပြုလုပ်ခြင်း၊ ငွေကြေး
လှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Groupကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။
ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံ သွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင် ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကိုနိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ဂျော့ဆိုးရော့စ်အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ် လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ဖော်ဆောင်ရေးခေါင်း စဉ်ဖြင့် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ဟောပြော မှုများ ပြု လုပ်ခြင်း၊ ငွေကြေးလှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Group

No comments:

Post a Comment