Tuesday, December 11, 2012

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်

 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရသံ ဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိသံဃာများဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေးပြု
စုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

 
 
ဦးဇင်းတို့တောင်းဆိုထားတဲ့ အချက်(၃)ချက်ရှိတယ်၊ ဒဏ်ရာရ သံဃာတွေကိုဝန်ချတောင်းပန်ဖို့ ၊ ပစ်မိန့်ပေးခဲ့တဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ နဲ့ဆန္ဒပြရာမှာ ဖမ်းဆီးထားသူတွေကို အကုန် ပြန် လွှတ်ပေး ဖို့ အဲ့ဒါတွေကိုသတ်မှတ်ရက်အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်းပြည်လုံး ဆန္ဒပြမှာ ဆိုပြီးကြိုပြောထားပါတယ် ဟု ကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမကမိန့်ကြားသည်။
 
 
သံဃာများ ဆန္ဒပြတောင်းဆိုရာတွင် သက်ဆိုင်ရာ မြို့နယ်များသို့ခွင့်ပြုမိန့်မတောင်း ဘဲ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။
 
 
ခွင့်ပြုမိန့်မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူးအဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေး အခြေစိုက် ဘ၀အလင်းဆေးခန်းမှဦးသောပိတက မိန့်သည်။
 
 
နိုင်ငံတော်အစိုးရမှ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပေးထားပြီးအဆိုပါကော်မတီကို အားကိုး၍ မ ရနိုင်ကြောင်း ဦးသော ပိတကဆက်လက်မိန့်ကြားခဲ့သည်။
 
 
စုံစမ်းစစ်ဆေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါပေမဲ့ သူကစုံစမ်းလို့ပဲရနိုင်တယ် ဖမ်းဆီးထား တာက ကော်မရှင်နဲ့မဆိုင် ဘူးလေအဲ့အပိုင်းကို အားကိုးလို့မရနိုင်ဘူး တစ်ချို့လူတွေကို အာမခံနဲ့ပြန် လွှတ်ပေးပြီးပေမဲ့ တစ်ချို့လူတွေကျန်နေသေး တယ် အကုန်မလွှတ်ပေးသေးဘူး၊အဲ့ဒါတွေကြောင့် ဆန္ဒပြမှာပါ ဟု ဦးသောပိတက မိန့်ကြားခဲ့သည်။
 
 
ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်ခန့်တွင်တိုင်းနှင့်ပြည်နယ်များမှ သံဃာများအားလုံး ဆန္ဒပြတောင်းဆိုသွား မည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင်မည်သည့်နေရာ၌ စတင်မည်ကို မသိရှိရသေးကြောင်း ၊ မန္တလေးတိုင်းဒေသကြီးတွင်၄၁လမ်းရှိ ဦးဘဘုရားရှေ့မှ စတင်ကာ လမ်းလျှောက် ဆန္ဒပြ မည်ဖြစ်ကြောင်းသိရှိရသည်။
 
 
ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခြင်းကို အရေးယူပေးရန်ဆန္ဒပြတောင်းဆိုခဲ့သူ ကိုမိုးသွေးအား အယူခံ ၀င်စေကြောင်း GWမှ တာဝန်ရှိသူကိုဝင်းထွဋ်ထံမှ သိရှိရသည်။
 
 
တခြားလူလွှတ်မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့အဖွဲ့က ကိုမိုးသွေးကတော့ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံဝင်ရတယ် ဟုမျိုးဆက်သစ်လူငယ်များအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဝင်းထွဋ် က ပြော သည်။
 
 
နိုဝင်ဘာလအတွင်းတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေး နှင့်သပိတ်စခန်း အကြမ်း ဖက် ဖြိုခွင်းခဲ့သူများကို အရေးယူပေးရေးအတွက်ဆန္ဒပြခဲ့သူများမှ ခေါင်းဆောင် (၈)ဦးခန့်ကို သက်ဆိုင်ရာ အာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယနေ့အချိန်ထိ မည်သူတစ်ဦးမှ လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။
 

No comments:

Post a Comment