Tuesday, December 11, 2012

အီလက် ထရွန်နစ်နှင့် လူသုံးကုန် ပစ္စည်းပြပွဲ လားရှိုး၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်




ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့တော် ခန်းမ၌ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီ အထိ Winner Economics Enterprise Services Co., Ltd. မှ စုစည်း၍ အီလက် ထရွန်နစ်နှင့် လူသုံးကုန် ပစ္စည်းများ ပြပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အီလက် ထရွန်နစ်နှင့် လူသုံးကုန် ပစ္စည်းများ ပြပွဲတွင် ပါဝင် ပြသမည့် အဖွဲ့အစည်း များမှာ ကုမ္ပဏီ ကြီးများ၊ လုပ်ငန်းရှင်များ၊ စက်မှုလက်မှု လုပ်ငန်းရှင် များနှင့် တိုင်းရင်း ဆေးဝါး လုပ်ငန်းရှင်များ ပါဝင်ပြီး ရောင်းချမည့် ကုန်ပစ္စည်း များတွင် အလှကုန်၊ လူသုံးကုန်၊ စားသောက် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ ပလတ်စတစ်နှင့် ဖိုင်ဘာ ပစ္စည်းများ၊ပြည်တွင်း ပြည်ပ အဝတ်အစားများ၊ စာရေး ကိရိယာများ၊ ဖက်ရှင် အသုံးအဆောင် ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ စက်နှင့်ဆက်စပ် ပစ္စည်း အမျိုးမျိုး တို့ကို ကုမ္ပဏီ ကြီးများမှ တိုက်ရိုက် ဖြန့်ဖြူးရောင်းချ ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment