ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့စစ် စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာ ဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။
ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။
From :The Voice Weekly

No comments:
Post a Comment