Sunday, December 30, 2012

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရန် အာဏာပိုင်များ၏ စောင့်ရှောက်မှုလိုအပ်ကြောင်း အမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား

Photo: အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရန် အာဏာပိုင်များ၏
စောင့်ရှောက်မှုလိုအပ်ကြောင်း အမျိုးသမီးရေးရာအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပြောကြား  
Sunday, 30 December 2012

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် အာဏာပိုင်များ၏ အကူအညီနှင့် စောင့်ရှောက်မှုလိုအပ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေရန်အတွက်လည်း အမျိုးသမီးတို့ဘက်မှ ၀တ်စားဆင်ယင်မှုကို ဂရုပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မာထွန်းက ပြောကြားသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ ကျား-မ
အခြေပြု အကြမ်းဖက်မှု ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မအနေနဲ့ အမျိုးသမီးများအတွက် အကြမ်းဖက်ခံရမှုတွေကို
လျော့နည်းအောင်၊ ပပျောက်အောင်ဆိုရင် အာဏာပိုင်အဖွဲ့အစည်း
တွေနဲ့ ပြည်သူတစ်ရပ်လုံးအပြင် အမျိုးသားတွေရဲ့ ပါဝင်မှုကလည်း အထူးအရေးပါတယ်လို့ ပြောချင်ပါတယ်။ အာဏာပိုင်တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ရယ်၊ အုပ်ချုပ်သူတွေရယ်၊ ကျန်းမာရေးဌာနတွေ၊ NGO တွေရဲ့ အကူအညီတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်အောင် ၀တ်စားဆင်ယင်မှုမှာ တစ်ဦးချင်းစီရဲ့ အခွင့်အရေးဖြစ်လို့ ပြောပိုင်ခွင့်မရှိဘူး ဆိုပေမယ့် ခေတ်မီတဲ့
အ၀တ်အစားမျိုးလောက်ပဲ ၀တ်သင့်ပြီး ခေတ်လွန်နေတဲ့ အ၀တ်အစားမျိုး၊ ပြီးတော့ အမျိုးသားထုရဲ့ တဏှာစိတ်ကို ကြီးထွားစေမယ့် အ၀တ်အစားမျိုး
တွေကိုလည်း မ၀တ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကိုလည်း ယဉ်ကျေးမှုပိုင်း
အရ ထိန်းချုပ်သွားသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒေါက်တာ
ခင်မာထွန်း၊ ပြည်ကြီးခင်မှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းတို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေး၊ ကာကွယ်ပေးရေးနှင့်
ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိင်အလုပ်
သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုများနှင့် လူကုန်ကူးမှုပပျောက်ရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပကော်မရှင်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အမျိုးသမီး အခွင့်အရေးများဖော်ဆောင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း
တို့အတွက် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Groupအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် အာဏာပိုင်များ၏ အကူအညီနှင့် စောင့်ရှောက်မှုလိုအပ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေရန်အတွက်လည်း အမျိုးသမီးတို့ဘက်မှ ၀တ်စားဆင်ယင် မှုကို ဂရုပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မာထွန်းက ပြောကြားသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၏ ကျား-မ အခြေပြု အကြမ်းဖက် မှု ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မအနေနဲ့ အမျိုးသမီးများအတွက် အကြမ်းဖက်ခံရမှုတွေကို လျော့နည်းအောင်၊ ပပျောက်အောင်ဆိုရင် အာဏာပိုင်အဖွဲ့အစည်း တွေနဲ့ ပြည်သူတစ်ရပ်လုံးအပြင် အမျိုးသားတွေရဲ့ ပါဝင်မှု ကလည်း အထူးအရေးပါတယ်လို့ ပြောချင်ပါတယ်။ အာဏာပိုင်တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ရယ်၊ အုပ်ချုပ် သူတွေရယ်၊ ကျန်းမာရေးဌာနတွေ၊ NGO တွေရဲ့ အကူအညီတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပပျောက်အောင် ၀တ်စားဆင်ယင်မှုမှာ တစ်ဦးချင်းစီရဲ့ အခွင့်အရေးဖြစ်လို့ ပြောပိုင်ခွင့်မရှိဘူး ဆိုပေမယ့် ခေတ်မီတဲ့ အ၀တ်အစားမျိုးလောက်ပဲ ၀တ်သင့်ပြီး ခေတ်လွန်နေတဲ့ အ၀တ်အစားမျိုး၊ ပြီးတော့ အမျိုးသားထုရဲ့ တဏှာစိတ်ကို ကြီးထွားစေမယ့် အ၀တ်အစားမျိုး တွေကိုလည်း မ၀တ်သင့်ဘူးလို့ ထင်ပါတယ်။ ဒါကိုလည်း ယဉ်ကျေးမှုပိုင်း အရ ထိန်းချုပ် သွားသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒေါက်တာ ခင်မာထွန်း၊ ပြည်ကြီးခင်မှ အမှုဆောင်ဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်း တို့မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရေး၊ ကာကွယ်ပေးရေးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လိင်အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုများနှင့် လူကုန်ကူးမှုပပျောက်ရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပကော်မရှင်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အမျိုးသမီး အခွင့်အရေးများဖော်ဆောင်ခြင်းနှင့် စွမ်းဆောင် ရည်မြှင့်တင်ခြင်း တို့အတွက် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

From : Eleven Media Group

No comments:

Post a Comment