Sunday, December 2, 2012

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာနိုင်သော ကုလသံအမတ်ကြီး ဆူဆန်ရိုက်စ် ရီပတ်ဘလီကန်အမတ်များနှင့် မကျေလည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
 ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဝါရှင်တန် - ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ် သည် လာမည့် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာရေးအတွက် သူ၏မျှော်လင့်ချက် ကို ပျက်စီးကောင်းပျက်စီးသွားစေမည့် လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကိစ္စနှင့် စပ်လျဉ်း၍
ရီပတ်ဘလီကန်အမတ်များနှင့် မကျေ လည်မှုများကို နိုဝင်ဘာလ ၂၇ ရက်နေ့က ဖြေရှင်း

ရာ မအောင်မမြင်ဖြစ်ခဲ့ရသည်။
နာရီပိုင်းအကြာ ဆွေးနွေးအပြီး စက်တင်ဘာ ၁၁ ရက်နေ့က ဘင်ဂါဇီရှိ အမေရိကန်သံရုံး
တိုက်ခိုက်ခံရမှု အကြောင်းကို ဆူဆန်ရိုက်စ် ဦးဆောင် သည့် အစိုးရအဖွဲ့၏ ရှင်းလင်းချက်
ကို ရီပတ်ဘလီကန်အမတ်များက စိတ် အနှောင့်အယှက်ဖြစ်ရသည်ဆို၏။
ရီပတ်ဘလီကန် အမတ်များ၏ ဦးဆောင်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက
"ကျွန်တော်တို့သိခဲ့ရတဲ့ ဖြေရှင်းချက်တွေရော၊ မသိရတဲ့ ဖြေရှင်းချက်တွေကြောင့်ပါ
ကျွန်တော် တို့ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်" ဟုပြောသည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဟီလာရီ ကလင်တန်နေရာ၌ အစားထိုးရန် ၎င်းအဆိုပြုခံရပါက
ထောက်ခံသွားရေးမှာ အခက်အခဲဖြစ်လိမ့်မည်ဖြစ်ကြောင်း ဖောက်စ်ရုပ်သံသတင်းဌာနကို
ဂျွန်မက်ကိန်းက ပြောသည်။
ဟီလာရီကလင်တန်သည် လာမည့် နှစ်ဆန်း၌ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ
အနားယူရန်စီစဉ်ထားရာ ယင်းနေရာအတွက် ရိုက်စ်သည် တစ်ပြေး နေသူဖြစ်သည်။
သမ္မတအိုဘားမားသည် ၎င်း၏ ဒုတိယ သမ္မတသက်တမ်းအတွက် အစိုးရအဖွဲ့ကို ပြောင်းလဲမှု
များပြုတော့ ည်ဖြစ်ကာ အထက်လွှတ်တော်အမတ် ဟောင်းနှင့် ယခင်သမ္မတဟောင်း
ဂျော့ခ်ျဒဗ္ဗလျူဘွတ်ရှ်နှင့် သမ္မတ ရွေးကောက်ပွဲ၌ရှုံးနိမ့်ခဲ့သူ ဂျွန်ကယ်ရီသည်လည်း
နိုင်ငံခြားရေးဝန်ကြီး ရာထူး အတွက် အမည်ထွက်နေသူဖြစ်သည်။
အမေရိကန်သံအမတ်ကြီး ခရစ္စတီဗင် နှင့် အခြား သံရုံးဝန်ထမ်းသုံးဦးသေဆုံး ခဲ့ရသည့်
ဘင်ဂါဇီတိုက်ခိုက်မှုအပြီး ငါးရက်အကြာတွင် ရိုက်စ်သည် တနင်္ဂနွေ စကားဝိုင်း ရုပ်သံ
အစီအစဉ်၌ပေါ်လာ ပြီးနောက် ရီပတ်ဘလီကန်များက ရိုက်စ်သည် လူထုကို အထင်အမြင်
မှားစေခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။
ရုပ်သံအစီအစဉ်၌ ရိုက်စ်သည် စီအိုင်အေ၏ အချက်အလက်များကို ကိုးကားပြောဆိုလျက်
ဘင်ဂါဇီတိုက် ခိုက်မှုသည် မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယိုကြောင့် အလိုလိုပေါ်ပေါက်လာ
သည့် တုံ့ပြန်မှုဖြစ်ပုံရသည်ဟု အစိုးရက အကောင်းဆုံး ကောက်ချက်ချကြောင်း
ပြောဆိုခဲ့သည်။
နောက်ပိုင်းတွင် သမ္မတအိုဘားမား အစိုးရက ယင်းတိုက်ခိုက်မှုသည် အယ်လ်ကေဒါ
ဆက်နွှယ်သည့် စစ်သွေး ကြွများ၏ စီမံထားသည့်တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း
ဝန်ခံပြောဆိုခဲ့သည်။
သို့ရာတွင် ရိုက်စ်ကမူ "ကျွန်မရော၊ အစိုးရအဖွဲ့က တခြားသူတွေပါ ဘယ်လို အခြေအနေ
မျိုးမှာမှ အမေရိကန် ပြည်သူတွေကို အထင်အမြင်မှားစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ တိုက်ခိုက်မှု
ပြီးပြီးချင်း စီအိုင်အေကပေးတဲ့ အချက်အလက် တွေကိုအခြေခံပြီးပဲ ကျွန်မပြောခဲ့တာပါ"
ဟုဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ရေး အဆိုပြုလွှာကို အထက်လွှတ်တော် အမတ် ၁၀၀ ရှိသည့်
အနက် ၆၀ က အတည်ပြုမှသာဖြစ်လာမည့် ရိုက်စ် အပေါ် အဆိုပြုမှုကို ရီပတ်ဘလီကန်
ခေါင်းဆောင်ပိုင်းများစွာတို့က ကန့်ကွက် သွားမည်ဖြစ်ကြောင်း ပြောထားသည်။
(အေအက်ဖ်ပီ)
from -မြန်မာ့တိုင်းမ်

No comments:

Post a Comment