Sunday, December 2, 2012

အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး


 ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ပုံတူနံရံဆေးရေးပန်းချီ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် သတင်းရင်း မြစ်များက ပြောကြားရာတွင် ဒေသ စံတော်ချိန် နံနက် ၅
နာရီကစတင်ပြီး ပြင်သစ်၊ ဆွစ်ဇာလန်နှင့် ရုရှား ကျွမ်းကျင် သူများရှေ့မှောက်၌ ရုပ်အလောင်း
မှနမူနာ များကို ရယူခဲ့ကြောင်း သိရှိရသည်။
နမူနာရယူသည့်ကိစ္စကို ဆောင်ရွက် နေဆဲဟုတ်မဟုတ်ဆိုသည်ကို တရားဝင် အတည်ပြုထား
ခြင်းမရှိဘဲ ရုပ်အလောင်း ပြန်ဖော်သည့် မြင်ကွင်းကိုလည်း အများ ပြည်သူများကို ကြည့်ရှုခွင့်
မပေးခဲ့ပေ။
အာရာဖတ်နေထိုင်ခဲ့ရာ မူကာတာ ခြံဝင်းအတွင်း၌ရှိသော အာရာဖတ် အုတ်ဂူရှိရာ ဗိမာန်ကို
ရက်သတ္တပတ် များကြာအောင် အပြာရောင်တာပေါ် လင်စများနှင့်ပိတ်ကာထားပြီး သတင်း
မီဒီယာသမားများကိုလည်း အနားသို့ လာရောက်ခွင့်မပြုပေ။
၂၀၀၄ ခုနှစ်က ပြင်သစ်ဆေးရုံ၌ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပြီး ရှစ်နှစ်အကြာတွင်
အာရာဖတ်မှာ အဆိပ်မိ၍ သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေးမှု အသစ်တစ်ရပ်အနေ
ဖြင့် ပိုလိုနီယမ် (Polonium) ရေဒီယို သတ္တိကြွပစ္စည်းတစ်မျိုးကို ရှာဖွေရန် အာရာဖတ်၏
ရုပ်အလောင်းမှ နမူနာ ရယူခြင်းဖြစ်သည်။
အာရာဖတ်၏ဇနီး ဆူဟာက အာရာဖတ်၏ အသုံး အဆောင်ပစ္စည်းများကို ဆွစ်ဇာလန်
ဓာတ်ခွဲခန်းတစ်ခုသို့ပို့ပြီး စစ်ဆေးခိုင်း သည်ကို အယ်လ်ဂျာဇီး ယားသတင်းဌာန က
ထုတ်လွှင့်ခဲ့ပြီးနောက် ထိုသို့ စုံစမ်း စစ်ဆေးမှု ပေါ်ပေါက်လာခဲ့သည်။
အဆိပ်ဖြစ်စေသော ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်မျိုးဖြစ်သည့် ပိုလိုနီယမ်ကို အာရာဖတ်၏
အသုံးအဆောင်များတွင် တွေ့ရှိသည်ဟု ဆွစ်ဇာလန်ဓာတ်ခွဲခန်းက ပြောကြားခဲ့ပြီးနောက်
ထပ်မံပြီး စစ်ဆေး ရန်အတွက် အာရဖတ်၏ ရုပ်လောင်းကို ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်
သည်။
စုံစမ်းစစ်ဆေးမှုကို တာဝန်ယူဆောင် ရွက်နေသည့် ပြင်သစ် တရားသူကြီးများ က ရုပ်
အလောင်းတူးဖော်မှုကို ကြည့်ရှုရန် နိုဝင်ဘာလ ၂၅ ရက်က ရာမာလာမြို့သို့ ရောက်ရှိခဲ့ကြ
သည်။
(အေအက်ဖ်ပီ)
from -မြန်မာ့တိုင်းမ်

No comments:

Post a Comment