Monday, December 17, 2012

မြန်မာအမျိုးသမီးများအားတရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုအများဆုံးဖြစ်

မြန်မာအမျိုးသမီးများအားတရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုအများဆုံးဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်
လူကုန်ကူးမှုအားလုံး၏ ၇၀ရာ
ခိုင်နှုန်းသည် မြန်မာအမျိုးသမီး
များအား တရုတ်နိုင်ငံသို့ အဓမ္မ
လက်ထပ်ရန်
 ပို့ဆောင်ရောင်းစားသည့် အမှုများပြီး ထိုင်းနိုင်ငံနှင့် ပြည်တွင်းတွင်လည်း  အဓမ္မခိုင်းစေမှုများနှင့် ပြည့်တန်ဆာအ ဖြစ် စေခိုင်းမှုများရှိနေကြောင်းကို
ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့
တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဒီဇင်ဘာလ ၁၁ရက်နေ့၌ Excel Tower
တွင် ကျင်းပခဲ့သော 'ကလေးကူသန်းရောင်းဝယ်မှု ပပျောက်ရေး' အခမ်း
အနားတွင် ပြောကြားခဲ့ခြင်းသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းသည်
 ထိုင်းနိုင်ငံ၏  အလုပ်ရုံ၊စက်ရုံများတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံ
ရမှုများ၊ထိုင်းငါးဖမ်းလှေများတွင် အတင်းအကြပ်စေခိုင်း ခံရမှု
များနှင့် အချို့အမျိုးသမီးများသည် လိင်ဖျော်ဖြေရေးနေရာများတွင်
လိင်ခေါင်းပုံဖြတ်ခံရမှုများလည်း ရှိနေကြောင်းကို တာဝန်ခံဒုရဲမှူး
 ဒေါ်အေးအေးမြင့်က ပြောပြသည်။

ကျန်ရှိသော လူကုန်ကူးမှု ၁၀ရာခိုင်နှုန်းသည် ပြည်တွင်း၌ ဖြစ်
ပွားပြီး ပြည့်တန်ဆာအဖြစ် အဓမ္မ္မစေခိုင်းမှုများနှင့် အတင်းအကြပ်
 တောင်းရမ်းစေမှုများလည်း ပြည်တွင်းတွင် ဖြစ်ပွားမှုများ ရှိနေကြောင်း
သိရှိရသည်။

၂၀၁၂ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ကလေး
သူငယ် လူကုန်ကူးခံရမှု ၂၂ မှုရှိပြီး ယင်းအမှုများထဲတွင် လူကုန်ကူးခံရ
သည့် ကလေးသူငယ် ၃၂ ဦးရှိရာ အဓမ္မလက်ထပ်မှုတွင် ၁၃ဦးရှိပြီး၊
အဓမ္မ္မစေခိုင်းမှုများတွင် ၉ဦးရှိကြောင်း၊

အဓမ္မ္မပြည့်တန်ဆာပြုမှုတွင်လည်း ၈ဦးရှိကြောင်းနှင့် တောင်းရမ်းစေခိုင်း
မှုတွင် ၁ ဦးနှင့် ကလေးခိုးယူ မှုတို့တွင်လည်း ၁ ဦး ပါဝင်ဖြစ်ပွား
ခဲ့ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး
အထူးအဖွဲ့ တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ပြောကြားခဲ့သည်။

အထက်ပါ လူကုန်ကူးခံရသော ၁၃ဦးသည် အတင်းအဓမ္မ္မ လက်ထပ်ရန်
တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခံသည့် အသက် ၁၅နှစ်နှင့် ၁၆နှစ်ကြား
အမျိုးသမီးများဖြစ်ပြီး ယင်းအမျိုးသမီးများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့၌ နေထိုင်ကြကာ ပွဲစားများ၏ စည်းရုံးမှုအပြင် မိဘများ
က ပွဲစားများပေးသည့်ငွေကို မင်္ဂလာကြေးအဖြစ် တင်တောင်း
သည့်ငွေဟု မှတ်ယူကာ လက်ထပ်ခွင့်ပြုလိုက်ခြင်းများကြောင့်

တရုတ်အမျိုးသားများနှင့် ပေါင်းသင်းရခြင်းများလည်း ရှိကြောင်းကို တာဝန်ခံဒုရဲမှူး ဒေါ်အေးအေးမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့တာဝန်ခံဒုရဲမှူး ဒေါ်အေးအေးမြင့်က''ရန်ကုန်တိုင်းဒေသကြီး
အတွင်းမှာဆိုရင် တစ်ချို့လူကုန်ကူးမှု မမြောက်ပေမဲ့ နယ်မှာရှိတဲ့
မိဘတွေက သားသမီးတွေကို အိမ်ဖော်အဖြစ် ကို ကိုယ်တိုင်လည်း
လိုက်ပို့တယ်။

သို့သော် လိုက်ပို့တဲ့ အသက်အရွယ်တွေကို စိစစ်တဲ့အခါမှာ၁၀နှစ်ကျော်
 ပတ်ဝန်းကျင်လေးတွေ ရှိတယ်။ဒီလိုအရွယ်လေးတွေကို ပို့လိုက်တဲ့
အခါမှာ အန္တရာယ်အရမ်းများပါတယ်။

နောက်မိဘကိုယ်၌ကလည်း ကြိုတင်လစာတွေ ယူသွားကြတယ်။ဒါတွေ
ဟာ မဖြစ်သင့်ဘူး။သတိထားရမယ့် အချက်တွေဖြစ်ပါတယ်။

ကလေးသူငယ် လူကုန်ကူးခံမှုဟာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်
အဖြစ် ရှိနေတာကို တွေ့ရှိရပါတယ်'' ဟု ပြောပြသည်။

၂၀၀၆ခုနှစ်မှစ၍ ၂၀၁၂ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှုပေါင်း
 ၈၈၅မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၂၄၅၃ဦးကိုလည်း
 ဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

Eleven Media Group
မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်လူကုန်ကူးမှုအားလုံး၏ ၇၀ရာ ခိုင်နှုန်းသည် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန်ပို့ဆောင်ရောင်းစားသည့် အမှုများပြီး ထိုင်းနိုင်ငံနှင့် ပြည် တွင်းတွင်လည်း အဓမ္မခိုင်းစေမှုများနှင့် ပြည့် တန်ဆာ အ ဖြစ် စေခိုင်းမှု များရှိနေကြောင်းကိုရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတား ဆီးနှိမ်နှင်းရေး အထူးအဖွဲ့တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဒီဇင်ဘာလ ၁၁ရက်နေ့၌ Excel Tower
တွင် ကျင်းပခဲ့သော 'ကလေးကူသန်းရောင်းဝယ်မှု ပပျောက်ရေး' အခမ်းအနားတွင် ပြောကြားခဲ့ခြင်းသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းသည်ထိုင်းနိုင်ငံ၏ အလုပ်ရုံ၊ စက်ရုံများတွင် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ၊ထိုင်းငါးဖမ်းလှေများတွ
င် အတင်းအကြပ်စေခိုင်း ခံရမှု
များနှင့် အချို့ အမျိုးသမီးများသည် လိင်ဖျော်ဖြေရေးနေရာများတွင်လိင်ခေါင်းပုံဖြတ်ခံရမှုများလည်း
ရှိနေကြောင်းကို တာဝန်ခံဒုရဲမှူးဒေါ်အေးအေးမြင့်က ပြောပြသည်။
ကျန်ရှိသော လူကုန်ကူးမှု ၁၀ရာခိုင်နှုန်းသည် ပြည်တွင်း၌ ဖြစ်ပွားပြီး ပြည့်တန်ဆာအဖြစ် အဓမ္မ္မစေခိုင်းမှုများနှင့် အတင်းအကြပ်တောင်းရမ်းစေမှုများလည်း ပြည်တွင်းတွင် ဖြစ်ပွားမှုများ ရှိနေကြောင်း သိရှိ ရသည်။

၂၀၁၂ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ကလေးသူငယ် လူကုန်ကူးခံရမှု ၂၂ မှုရှိပြီး ယင်းအမှုများထဲတွင် လူကုန်ကူးခံရသည့် ကလေးသူငယ် ၃၂ ဦးရှိရာ အဓမ္မလက်ထပ်မှုတွင် ၁၃ဦးရှိပြီး၊
အဓမ္မစေခိုင်းမှုများတွင် ၉ဦးရှိကြောင်း၊
အဓမ္မ္မပြည့်တန်ဆာပြုမှုတွင်လည်း ၈ဦး ရှိကြောင်းနှင့် တောင်း ရမ်းစေခိုင်းမှုတွင် ၁ ဦးနှင့် ကလေးခိုးယူ မှုတို့တွင်လည်း ၁ ဦး ပါဝင်ဖြစ်ပွားခဲ့ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအထူးအဖွဲ့ တာဝန်ခံ ဒုရဲမှူး  ဒေါ်အေးအေးမြင့် က ပြောကြားခဲ့သည်။
အထက်ပါ လူကုန်ကူးခံရသော ၁၃ဦးသည် အတင်းအဓမ္မ္မ လက်ထပ်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်း စားခံသည့် အသက် ၁၅နှစ်နှင့် ၁၆နှစ်ကြားအမျိုးသမီးများဖြစ်ပြီး ယင်းအမျိုးသမီးများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင်
့ ကချင်ပြည်နယ်တို့၌ နေထိုင်ကြကာ ပွဲစားများ၏ စည်းရုံးမှုအပြင် မိဘများက ပွဲစားများပေးသည့်ငွေကို မင်္ဂလာကြေးအဖြစ် တင်တောင်းသည့်ငွေဟု မှတ်ယူကာ လက်ထပ်ခွင့်ပြု လိုက်ခြင်း များကြောင့် တရုတ်အမျိုးသားများနှင့် ပေါင်းသင်းရခြင်းများလည်း ရှိကြောင်းကို တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး
အထူးအဖွဲ့ တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က''ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် တစ်ချို့လူကုန်ကူးမှု မမြောက်ပေမဲ့ နယ်မှာရှိတဲ့မိဘတွေက သားသမီးတွေကို အိမ်ဖော်အဖြစ် ကို ကိုယ်တိုင်လည်းလိုက်ပို့တယ်။
သို့သော် လိုက်ပို့တဲ့ အသက်အရွယ်တွေကို စိစစ်တဲ့အခါမှာ၁၀နှစ်ကျော်ပတ်ဝန်းကျင်လေးတွေ ရှိတယ်။ဒီလို အရွယ်လေးတွေကို ပို့လိုက်တဲ့အခါမှာ အန္တရာယ်အရမ်းများပါတယ်။

နောက်မိဘကိုယ်၌ကလည်း ကြိုတင်လစာတွေ ယူသွားကြတယ်။ဒါတွေဟာ မဖြစ်သင့်ဘူး။ သတိထား ရမယ့် အချက်တွေဖြစ်ပါတယ်။

ကလေးသူငယ် လူကုန်ကူးခံမှုဟာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေတာကို တွေ့ရှိရပါတယ်'' ဟု ပြောပြသည်။

၂၀၀၆ခုနှစ်မှစ၍ ၂၀၁၂ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှုပေါင်း၈၈၅မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူး တရားခံ ၂၄၅၃ဦးကိုလည်းဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment