Monday, December 17, 2012

စလစ်အမြင့်ဈေးရောက်နေချိန် ကားဈေးဆက်ကျဖွယ်ရှိနေ

       











ယခုရက်ပိုင်းအတွင်း ရန်ကုန်ကားဈေးကွက်သို့  နယ်ဝယ်လက်များမှ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း Show Room များတွင်မူ ယခုနောက်ပိုင်း အရောင်းအေးနေပြီး နယ် Car Show Room များမှာလည်း အရောင်းအေးနေကြောင်း သိရှိရသည်။ Car Show Room အများစုမှာ ယခုနောက်ပိုင်း
ကားရောင်းအားထက် စလစ်ရောင်းအားနှင့် အရစ်ကျကား ရောင်းချမှုကိုသာ အားကိုးအားထား ပြု လာကြောင်း သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ မန်နေဂျာ ဖြစ်သူ ကိုမင်းထက်ကို မှ ပြောသည်။
 
 
ထို့အပြင် ကားဈေးကွက်အတွင်း စလစ်နည်းပါးလာမှုကြောင့် စလစ်ဈေးမှာ ကျပ်သိန်း ၉၀ မှ သိန်း ၁၀၀ အတွင်း တက်လာကာ ဈေးမြင့်မားမှုကြောင့် အ၀ယ်နည်း နေကြောင်း၊ ထို့ကြောင့် Car Show Room များသည် ယာဉ်ရောင်းဝယ်ရေးစခန်းများထက် ပိုမိုအရောင်းအေးခြင်းဖြစ်ကြောင်း ၄င်းက ယခုကဲ့သို့ ဆိုသည်။
 
 
``အခုရက်ပိုင်း နယ်ကအ၀ယ်တွေ နည်းနည်းတက်လာတယ်၊ ပခုက္ကူနဲ့ မြိုင်ဘက်က ၀ယ်လက် တွေ များတယ်၊ ဘာလို့လည်းတော့ မသိဘူး၊ ဒါပေမဲ့ အခုလိုအရောင်းအေးနေတဲ့ အချိန်မှာဝယ်သူ ရှိတော့ တော်သေးတာပေါ့၊ နယ်ကလူတွေကတော့ ထုံးစံအတိုင်း ပါဂျဲရိုး(ဖားပြုတ်)တို့၊ လန်ခရူဇာတို့ အကြိုက်များတယ်၊ အခုဒီရက်ပိုင်း နယ်က လာဝယ် သွားတာ လေးစီးလောက်တော့ ရောင်းရတယ်   ´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြော သည်။
 
 
ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း ၀ယ်အားနည်း၍ ရောင်းအားများလာသည့် အခြေအနေ ကြောင့် ကားဈေးထိုးကျလာကြောင်း သိရှိရသည်။ တစ်စီးလျှင် ပျမ်းမျှ ၁၂ သိန်းမှ ၁၇ သိန်းဝန်းကျင် အထိ ဈေးကျလာကြောင်းနှင့် နောက်ပိုင်း ပိုမိုကျလာနိုင်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကိုထွန်းက  ပြောသည်။
 
 
ယခုနောက်ပိုင်း လူကြိုက်များလာသည့်ကားများမှာ CALDINA( ကြက်တူရွေး)၊ COROLLA(DX 2WD) နှင့် HONDA CIVIC HYBRID ကဲ့သို့သောကားများဖြစ်ပြီး ဈေးနှုန်းများမှာ သိန်း ၁၈၀ မှ ၂၀၀ ၀န်းကျင် ရှိကြောင်း၊ နယ်ကြိုက်ကားများမှာ BMW 3 SERIES ၊ NAVARA 4WD နှင့် PRADO LAND CRUISER ( 4 WD ) တို့ဖြစ်ပြီး ဈေးများမှာ သိန်းကျပ် ၂၀၀ မှ ၃၀၀ ၀န်းကျင်ဈေးရှိကြောင်း သိရှိရသည်။
from..မြစ်မခ
 
 
 
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်တွင် ယာဉ်အသစ်များ တင်သွင်းခွင့် ပြုခဲ့ပြီးနောက်  ကားဈေးကွက်အတွင်း ဆက်တိုက်ဆိုသလို လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
 
 
န၊ ပ အက္ခရာများ ထွက်ရှိခါစအချိန်တွင် စလစ်ဈေးမှာ သိန်း ၆၀ မှ ၇၀ ၀န်းကျင်အတွင်း ရှိခဲ့ သည်။ အောက်တိုဘာလကုန်   နိုဝင်ဘာလအတွင်း လေလံကားအမျိုးအားလုံး လက်ခံခဲ့သည့်အပြင် ယခု ဗ အက္ခရာများ အပ်နှံခွင့်ရရှိသည့်အချိန်တွင် ဈေးနှုန်းမှာ သိန်း ၈၀ မှ ၉၀ အတွင်း ရှိလာသည်။
 
 
ထို့ကြောင့် ဘ အက္ခရာကားများ အပ်နှံခွင့်ရပါက ပြောင်းလဲလာမည့် ကားဈေးကွက်ကို  ကောင်းသည် ဆိုးသည် သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ၀ါရင့်ကားပွဲစားများထံက သိရသည်။
 

No comments:

Post a Comment