Wednesday, December 26, 2012

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် အိုက်စလန် သမ္မတ နိုင်ငံတို့ အကြား သံတမန် အဆက်အသွယ် ထူထောင်

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် အိုက်စလန်သမ္မတ နိုင်ငံတို့သည်ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အပေါ်အခြေခံလျက် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်း ဆောင် ရွက်ရေးကို မြှင့်တင်လိုသည့် ဆန္ဒရှိကြသည့် အားလျော်စွာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန် အဆက်အသွယ် ထူထောင်ရန် သဘော တူကြသည်။

နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထူထောင်သည့် ပူးတွဲ ကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ အိုက်စလန်အမြဲတမ်း ကိုယ်စားလှယ်တို့သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် တွင် နယူးယောက် မြို့၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံများနှင့် သံတမန် ဆက်ဆံမှု တိုးချဲ့ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ အိုက်စလန် သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံ ၏ (၁၁ဝ) နိုင်ငံမြောက် သံတမန် အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment