Wednesday, December 26, 2012
တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း
တရုတ်
နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက်
နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို
ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင်
ပြောကြားခဲ့သည်။ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံအပါအဝင်
ဒေသကိုးခုမှ ရဲအရာရှိများသည် ကလေးမှောင်ခိုဂိုဏ်းကို
ဖြိုခွင်းရန်အတွက် ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင်
စတင်လုပ်ဆောင်ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနလူမှောင်ခို
ဆန့်ကျင်တိုက်ဖျက်ရေးရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား
ခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment