မြို့တော် မော်စကိုနှင့် နိုင်ငံအလယ်ပိုင်းရှိ စက်ရုံ ဒေသကို ကာကွယ် ပေးထားသည့် ရုရှားနိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေး စနစ်အား မကြာမီ ကာလအတွင်း အဆင့်မြှင့်တင်တိုးချဲ့မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း လက်ထောက် ကာကွယ်ရေး ဝန်ကြီး
အာလက် အက်စတာပန်ကို က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
သို့သော် လက်ရှိ အသုံးပြု နေသည့် A-135 ဒုံးကျည် ကာကွယ်ရေး စနစ်အား မည်သည့် နည်းစနစ် အသစ်များဖြင့် အစားထိုး မြှင့်တင်သွားမည် ဆိုသည်ကိုမူ မသိရှိ ရသေးပေ။ ရုရှားနိုင်ငံ အနေဖြင့် ၎င်း၏ ဒုံးကျည် ကာကွယ်ရေး စနစ်ကို အဆင့်မြှင့် တင်မှုများ ပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း ရုရှား မဟာ ဗျူဟာမြောက်ဒုံးတပ်ဖွဲ့၏ အကြီးအကဲဟောင်း ဗစ်တာယဲဆင်က စက်တင်ဘာလအတွင်း ကပင် ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။
မြ၀တီ

No comments:
Post a Comment