Monday, December 17, 2012

အသံနဲ့ပါ Chatting လုပ်နိုင်မယ့် Android ဖုန်းတွေအတွက် Go!Chat

Facebookဟာ တစ်ကမ္ဘာလုံးနီးပါး အသုံးပြုနေကြတဲ့ အကြီးဆုံး Social Network လို့ ပြောရင်လည်း မမှားပါဘူး။ Facebookရဲ့ Chat Box ကို Facebook သုံးသူတိုင်း အသည်းစွဲ ဖြစ်ကြပါတယ်။ ဒါကြောင့် Facebookရဲ့ Chat Boxကို Android ဖုန်းတွေမှာ မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်မယ့် Go!Chat Application လေးကို တီထွင်ခဲ့ပါတယ်။ အခုအခါမှာတော့ Go!Chat ဟာ Android ဈေးကွက်မှာ နေရာ အခိုင်အမာ ရထားတဲ့ Facebook ရဲ့ Chat Application တစ်ခု ဖြစ်လာပါတယ်။ Go!Chatမှာ Lite နဲ့ Pro ဆိုပြီး Version နှစ်ခု ထွက်ရှိတယ်လို့ သိရပါတယ်။ Lite Versionမှာ Marketကို Free ပေးထားပါတယ်။ ၄င်း Appမှာ ပုံမှန် Facebookမှာ အသုံး မပြုနိုင်တဲ့ Feature တွေကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။ Auto-Reply နဲ့ ချက်နိုင်မယ်၊ သင်မှတ်ယူထားတဲ့ Message တွေ၊ Photo တွေကိုလည်း တိုက်ရိုက် Share နိုင်မယ်။

Appရဲ့ ဒီဇိုင်းပုံစံကတော့ ရိုးရှင်းပါတယ်။ အဖြူရောင် နောက်ခံမှာ အခြား Elementsတွေ အများကြီး မပါဝင်ပါဘူး။ သင်နဲ့ ဆက်သွယ်နိုင်မယ့် Friendတွေရဲ့ Contact Iconတွေ ပါမယ်၊ နောက်ပြီး Nameတွေ ပါမယ်။ ပုံစံကတော့ Gtalk ပုံစံမျိုးပါပဲ။ Appထဲ ၀င်တာနဲ့ အလွယ်တကူ Chatting လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Facebookထဲကို Log in ၀င်ပြီး Chatting လုပ်နိုင်ဖို့အတွက် ပိုမို မြန်ဆန်လာပြီး ပိုမို လွယ်ကူလာတာကို တွေ့ရပါတယ်။ Videoတွေ၊ Photoတွေ ကိုလည်း တိုက်ရိုက် Share နိုင်မယ်။ အားသာချက် တစ်ခုကတော့ အသံနဲ့ Chatting ပြုလုပ်နိုင်ခြင်းပါပဲ။ နောက်ပြီး အမူအရာပြ ရုပ်ပုံလေးတွေနဲ့လည်း ဖော်ပြနိုင်ပါသေးတယ်။ Notificationတွေ တက်လာရင် Light, Vibrate, Ringtone ဆိုပြီး အချက်ပြစနစ် သုံးမျိုးကို ရွေးချယ်နိုင်ပါသေးတယ်။

သင်ဟာ သင့်အကောင့်ထဲက လူတစ်ယောက်နဲ့ စကားမပြောချင်ဘူး ဆိုပါ တော့။ ၄င်းလူရဲ့ အကောင့်ကို Hide လုပ်မည့် Groupထဲကို ဆွဲသွင်းထား နိုင်ပါသေးတယ်။ Hide Groupထဲမှာ ရောက်နေတဲ့ အကောင့်တွေကို Appက အလိုအလျောက် Ignore လုပ်ပေးနိုင်ပါတယ်။ Free ပေးထားတဲ့ Lite Version မှာတော့ Recorded Messageတွေကို တစ်ပတ်ကြာ ထိန်းသိမ်းထား နိုင်တယ်လို့ သိရပါတယ်။ Pro Versionကို အသုံးပြုမယ် ဆိုရင်တော့ $ 1.79 ကို ပေးဆောင်ရမယ်လို့ သိရပါတယ်။ Pro Version မှာတော့ မလိုအပ်တဲ့ Advertisingတွေကို ဖယ်ထုတ်ပေးတယ်လို့ ဆိုပါတယ်။ အခြား Feature တွေကတော့ Version နှစ်ခုလုံးမှာ အတူတူပါပဲ။ Go!Chatကို Install လုပ်ချင် တယ်ဆိုရင်တော့ Download လုပ်နိုင်တဲ့ Websiteတွေ တော်တော်များများ ရှိပါတယ်။ Googleမှာ ရှာကြည့်နိုင်ပါတယ်။ Size 3.0M ရှိပြီး Android Version 1.6 နဲ့ အထက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Myanmar ICT

No comments:

Post a Comment