Monday, December 17, 2012

ရွှေတိဂုံဘုရားအား အများပြည်သူမြင်ကွင်းမှကွယ်သွားစေမည့် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြုရန် တိုင်းဒေသကြီးဝန်ကြီးချုပ် သတိပေး


ရန်ကုန်ဆိပ်ကမ်းတစ်လျှောက်အဆင့်မြှင့်တင်ရာတွင် ရွှေတိဂုံ ဘုရားအား အများပြည်သူမြင်ကွင်းမှ ကွယ်သွားစေမည့်အထပ်မြင့် အဆောက်အအုံကြီးများ ဆောက်လုပ်ခြင်းမပြုရန် အထူး သတိ ထားစေ လိုကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။


မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း၍ ရန်ကုန်ဆိပ်ကမ်းတွင် အထပ် ၂ဝ မြင့်သည့် ဈေးဝယ်စင်တာနှင့် အဆောက်အအုံများ ဆောက်လုပ်မည့်စီမံကိန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရယူရန် ဆွေးနွေးတင်ပြရာတွင် ဝန်ကြီးချုပ်က အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ရန်ကုန်ဆိပ်ကမ်းမှာဆိုရင် အင်္ဂလိပ်ခေတ်က တည်ရှိခဲ့တဲ့ စားသောက်ဆိုင်လေးတွေရှိတယ်။ အထူး သဖြင့် ပင်လယ်ကနေ ဆိပ်ကမ်းကို ကြည့်လိုက်ရင် ရွှေတိဂုံဘုရားကို လှမ်း မြင်ရတဲ့ ရှုခင်းကို ကွယ်မသွား ဖို့ပဲ၊ ပင်လယ်ကနေဆိပ်ကမ်းကို ဘာမှမမြင် ရရင်မကောင်းဘူး။

အဆောက်အအုံ တွေကို တောက်လျှောက်ကြီး တည် ဆောက်လိုက်တာမဟုတ်ဘဲ ရွှေတိဂုံ ဘုရားဘက် ကိုလည်း တစ်ချက်မြင် လို့ရနိုင်တဲ့စီမံကိန်းမျိုးကို ဆောင်ရွက်ဖို့လိုပါတယ်''ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးမြင့် ဆွေကပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်ဆိပ်ကမ်းကို အပိုင်း ၄ ပိုင်းခွဲ ၍ ဆိပ်ကမ်းတစ်လျှောက် ဟိုတယ်နှင့် အထပ်မြင့်အဆောက်အအုံများ ဆောက် လုပ်ခြင်း၊ ဆိပ်ခံတံတားများအဆင့် မြှင့် တင်ခြင်းတို့အပြင် ရန်ကုန်တစ် ဖက်ကမ်းရှိ ဒလမြို့ကို ခေတ်မီမြို့ တစ်ခုအဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်မည့် စီမံကိန်းများ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ တင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေကဒလ မြို့ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကို အ ကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိ သော်လည်း၊ လတ်တလောတွင် သီ လဝါအထူးစီးပွားရေးဇုန် ကိုစိတ်ဝင်စားမှု လျော့နည်းသွားနိုင်သဖြင့် ခေတ္တဆိုင်းငံ့ထားရကြောင်း ပြန်လည်ပြောကြားခဲ့သည်။

The Messenger Journal

No comments:

Post a Comment