Friday, December 7, 2012

Eleven Media Group website တိုက်ခိုက်ခံရ

Eleven Media Group ၏ website အား ပုံမှန်အတိုင်း ဖတ်ရှုနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်

ယခုအခါတွင် Eleven Media Group ၏ www.news-eleven.com အား ပုံမှန်အတိုင်း ပြန်လည် ၀င်ရောက်ကြည့်ရှုနိုင်ပြီဖြစ်ပါကြောင်း အသိပေးပေးအပ်ပါသည်။


Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံပြင်ပ IP များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် Eleven Media Group ၏ www.news-eleven.com အား စာဖတ်ပရိတ်သတ်များအနေဖြင့် နာရီဝက်ခန့် ၀င်ရောက် ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပါ။


မိမိတို့ website အား အမြန်ဆုံး ပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်ခဲ့ပြီး ယခုတိုက်ခိုက်ခဲ့သော အဖွဲ့သည် ကချင်အဖွဲ့ အမှန်တကယ် ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။ Eleven Media Group ၏ www.news-eleven.com,www.elevenmyanmar.com www.facebook.com/ElevenMediaGroup တို့တွင် သတင်းများကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။

No comments:

Post a Comment