Sunday, December 16, 2012

KIA မှ ကိုယ်စားလှယ်များ နှုတ်ထွက်ခွင့်တင်မှုအား ဗဟိုမှ ပယ်ချ


KIAကငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ နှုတ် ထွက် ခွင့်တင်တာ ဗဟိုကလက်မခံပေမဲ့ အဖွဲ့  ၀င်တွေက မျှတမှုမရှိတဲ့တစ်ဖက် သတ်တောင်းဆို ချက်တွေကိုသာ မီဒီယာအများရှေ့ မှာ တောင်းဆိုခဲ့ ရပြီး ကချင်လူထုအတွက်အကျိုးမ ရှိမဲ့ ဆွေးနွေး ပွဲမျိုးကိုနောက်တစ်ခါမသွားနိုင်ဘူးလို့ ငြင်းဆိုနေတဲ့အတွက်ကြောင့်
လိုင်ဇာမှာဆွေးနွေး ပွဲတွေ အကြိမ်ကြိမ် လုပ်ပြီးညှိနှိုင်းနေကြကြောင်း၊ ဒါကြောင့် ဦးအောင်မင်းဦးစီးတဲ့
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပွဲကိုရက်မသတ်မှတ်နိုင်သေးကြောင်း လိုင်ဇာကKIA အရာရှိတစ်ဥိးကပြောကြားခဲ့ပါတယ်။နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာမီဒီယာရှေ့မှာ KIA
ကိုယ်စားလှယ်တွေအနေနဲ့ အရှက်ကွဲခဲ့ရတဲ့အတွက် လူကြီးတွေကြားမှာမကျေလည် မှုတွေ ရှိနေကြကြောင်း ၊ အဲဒီဆွေးနွေးပွဲကို မူလက ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော် လာဖို့ရှိပေမဲ့ ဦးစီးချုပ်ဗိုလ်ချုပ်ဂမ်ရှောင်ကတားမြစ်လိုက်တဲ့ အတွက်ကြောင့် လမ်းခရီးကနေပြန်လှည့်သွားခဲ့ရကြောင်း၊
ဒါနဲ့ပတ်သက်ပြီး ဂွမ်းမော်အနေနဲ့ ကျေနပ်မှုမရှိကြောင်းသူကဆက်ပြောခဲ့ပါတယ်။ စစ်ပွဲတွေကြာ ရှည်လာတာနဲ့အမျှပိုပိုပြီးနိမ့်ပါးလာတဲ့ ကချင်လူထုရဲ့လူနေမှုဘ၀ကိုမြင်တွေ့နေရတဲ့ KIO/KIA
တပ်ဖွဲ့ဝင်တစ်ချို့ကငြိမ်းချမ်းရေးကို အမြတ်ရယူချင်နေပေမဲ့သေနတ်နဲ့ငွေရှာခွင့်ရနေတဲ့KIA တပ်ဖွဲ့ဝင်တစ် ချို့နဲ့ စစ်သွေးကြွခေါင်းဆောင်တစ်ချို့ကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေရကြောင်း၊စစ်တပ်ဖက်မှာ တပ်သား တစ်ဦးကို အနည်းဆုံးလစာငွေ ၇၅၀၀၀ိ ရပြီး ရိကာနဲ့အခြားခံစားခွင့်တွေပါရရှိနေပေမဲ့ KIA က လစာငွေ ၁၀၀၀၀ိ တောင် ပုံမှန်မရဘဲသေအကျေတိုက်ပွဲဝင်နေရတဲ့အပေါ် အောက်ခြေတပ်သားအများစုက
အလွန်အမင်းစိတ်ပျက်လျက်ရှိကြောင်း၊ ဒီအတိုင်းဆက်သွားနေရင် မကြာခင် KIAတပ်ဖွဲ့တွင်းမှာ အကြီးအကျယ်တော်လှန်မှုတွေ ဖြစ်လာနိုင်ကြောင်း၎င်းကဆက်လက်သုံးသပ်ပြသွားခဲ့ပါတယ်။
   
From: ME

No comments:

Post a Comment