Tuesday, December 18, 2012

တောင်ကိုရီးယား လက်နက် ဝယ်ယူရေး အေဂျင်စီသည် ဒေါ်လာ ဘီလီယံပေါင်း များစွာ တန်ဖိုးရှိသော တိုက်လေယာဉ် ဝယ်ယူမည်

တောင်ကိုရီးယား လက်နက် ဝယ်ယူရေး အေဂျင်စီသည် ဒေါ်လာ ဘီလီယံပေါင်း များစွာ တန်ဖိုးရှိသော တိုက်လေယာဉ် ဝယ်ယူရေး စီမံကိန်း တစ်ခုကို ဈေးနှုန်းနှင့် အခြား အကြောင်းများကြောင့် ၂ဝ၁၃ ခုနှစ်သို့ ရွှေ့ဆိုင်း သွားရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက် နေ့က ပြောကြားခဲ့ ပါသည်။

Lockheed Martin ကုမ္ပဏီထံမှ F-35 တိုက်လေယာဉ်၊ Boeing ကုမ္ပဏီထံမှ F-15 အီးဂဲလ် တိုက်လေယာဉ်၊ ဥရောပ နိုင်ငံစုံ ကာကွယ်ရေး အုပ်စု (EADS) ထံမှ ဥရောပ တိုက်လေယာဉ်များ အပါအဝင် တိုက်လေယာဉ် ၆ဝ စီး အတွက် အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ တန်ဖိုးရှိ စာချုပ် လေလံရရှိရေး အတွက် ၂ဝ၁၁ ခုနှစ် ကတည်းက ကြိုးပမ်း လျက်ရှိကြောင်း သိရှိရ ပါသည်။

 တောင်ကိုရီးယား ကာကွယ်ရေး ပစ္စည်း ဝယ်ယူ ဖြည့်တင်းရေး အေဂျင်စီ သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အောက်တိုဘာလ အတွင်း လေလံဆွဲသူ တစ်ဦးကို ရွေးချယ်ရန် စီစဉ် ထားသော်လည်း ရရှိသည့် အချိန်အတွင်း လိုအပ်ချက် များနှင့် ကိုက်ညီသည့် သူကို မရရှိနိုင် ခဲ့ကြောင်းနှင့် အဆိုပါ စီမံကိန်းသည် လာမည့် အစိုးရနှင့် အထက်ပါ ကုမ္ပဏီတို့၏ စေ့စပ် ဆွေးနွေးမှု အောက်တွင်သာ ထွက်ပေါ်လာ နိုင်ဖွယ်ရှိကြောင်း သိရှိရ ပါသည်။ 

ကာကွယ်ရေး ပစ္စည်း ဝယ်ယူ ဖြည့်တင်းရေး အေဂျင်စီသည် ကာကွယ်ရေး ဝန်ကြီး Kim Kwan-jin က အတည်ပြု ခဲ့သော အဆိုပါ လေယာဉ် ဝယ်ယူရေး အစီအစဉ် ရွှေ့ဆိုင်း လိုက်ရခြင်းကို တရားဝင် သတင်း ထုတ်ပြန်ရန် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ ရကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/2200-2012-12-18-14-32-06 တောင်ကိုရီးယား လက်နက် ဝယ်ယူရေး အေဂျင်စီသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော တိုက်လေယာဉ်ဝယ်ယူ မည် တောင်ကိုရီးယား လက်နက်ဝယ်ယူရေး အေဂျင်စီသည် ဒေါ်လာ ဘီလီယံပေါင်း များစွာတန်ဖိုးရှိသော တိုက်လေယာဉ် ဝယ်ယူရေး စီမံကိန်း တစ်ခုကို ဈေးနှုန်းနှင့် အခြား အကြောင်းများကြောင့် ၂ဝ၁၃ ခုနှစ်သို့ ရွှေ့ဆိုင်းသွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက် နေ့က ပြော ကြားခဲ့ပါသည်။
Lockheed Martin ကုမ္ပဏီထံမှ F-35 တိုက်လေယာဉ်၊ Boeing ကုမ္ပဏီထံမှ F-15 အီးဂဲလ် တိုက်လေယာဉ်၊ ဥရောပ နိုင်ငံစုံ ကာကွယ်ရေးအုပ်စု (EADS) ထံမှ ဥရောပ တိုက်လေယာဉ်များ အပါအဝင် တိုက်လေယာဉ် ၆ဝ စီးအတွက် အမေရိကန် ဒေါ်လာ ၇.၃ ဘီလီယံ တန်ဖိုးရှိ စာချုပ် လေလံရရှိရေး အတွက် ၂ဝ၁၁ ခုနှစ် ကတည်းက ကြိုးပမ်း လျက်ရှိကြောင်း သိရှိရ ပါသည်။

တောင်ကိုရီးယားကာကွယ်ရေးပစ္စည်းဝယ်ယူ ဖြည့်တင်းရေး အေဂျင်စီသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အောက်တိုဘာလ အတွင်း လေလံဆွဲသူ တစ်ဦးကို ရွေးချယ်ရန် စီစဉ် ထားသော်လည်း ရရှိသည့် အချိန်အတွင်း လိုအပ်ချက်များနှင့် ကိုက်ညီသည့် သူကိုမရရှိနိုင် ခဲ့ကြောင်းနှင့် အဆိုပါစီမံကိန်းသည် လာမည့်အစိုးရနှင့် အထက်ပါကုမ္ပဏီတို့၏ စေ့စပ် ဆွေးနွေး မှု အောက်တွင်သာ ထွက်ပေါ်လာ နိုင်ဖွယ်ရှိကြောင်း သိရှိရ ပါသည်။

ကာကွယ်ရေး ပစ္စည်း ဝယ်ယူ ဖြည့်တင်းရေး အေဂျင်စီသည် ကာကွယ်ရေး ဝန်ကြီး Kim Kwan-jin က အတည်ပြု ခဲ့သော အဆိုပါ လေယာဉ် ဝယ်ယူရေး အစီအစဉ် ရွှေ့ဆိုင်း လိုက်ရခြင်းကို တရားဝင် သတင်း ထုတ်ပြန်ရန် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ ရကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment