Tuesday, December 18, 2012

အိန္ဒိယနိုင်ငံသည် စင်ကာပူနိုင်ငံ၏ ဒဿမမြောက် အကြီး ဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်

အိန္ဒိယနိုင်ငံသည် စင်ကာပူနိုင်ငံ၏ ဒဿမမြောက် အကြီး ဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်

စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Lim Hng Kiang သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ ၁၈ ရက် နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ- အိန္ဒိယ ဝန်ကြီးအဆင့် အစည်းအဝေး သို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မစ္စတာ Lim သည် အိန္ဒိယ ကုန်သွယ်ရေး၊ စက်မှုနှင့် အထည်အလိပ် လုပ်ငန်း ဆိုင်ရာ ဝန်ကြီး Anand Sharma အပါအဝင် အခြားသော အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။ ဝန်ကြီးများ အနေဖြင့် အိန္ဒိယနှင့် အာဆီယံ နိုင်ငံတို့ တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး အလားအလာများအား အာဆီယံ- အိန္ဒိယ စီးပွားရေးကောင်စီ အဖွဲ့ဝင် များနှင့် ဆွေးနွေးသွားရန် မျှော်လင့်ထားပါသည်။ 

အိန္ဒိယနိုင်ငံသည် စင်ကာပူနိုင်ငံ၏ ဒဿမမြောက် အကြီး ဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ၂ဝ၁၁ ခုနှစ် တွင် နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ စင်ကာပူဒေါ်လာ ၃၅.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်ထက် ၁၆ ရာခိုင်နှုန်း တိုးတက် ခဲ့ ကြောင်း သိရှိရပါသည်။

http://www.myawady.net.mm/allnews/global/item/2197-2012-12-18-14-17-20 စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Lim Hng Kiang သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ ၁၈ ရက် နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ- အိန္ဒိယ ဝန်ကြီးအဆင့် အစည်း အဝေးသို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မစ္စတာ Lim သည် အိန္ဒိယ ကုန်သွယ်ရေး၊ စက်မှုနှင့် အထည်အလိပ် လုပ်ငန်းဆိုင်ရာ ဝန်ကြီး Anand Sharma အပါအဝင် အခြားသော အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။ ဝန်ကြီးများ အနေဖြင့် အိန္ဒိယနှင့် အာဆီယံ နိုင်ငံတို့ တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး အလား အလာများအား အာဆီယံ- အိန္ဒိယ စီးပွားရေးကောင်စီ အဖွဲ့ဝင်များနှင့် ဆွေးနွေးသွားရန် မျှော်လင့် ထားပါသည်။

အိန္ဒိယနိုင်ငံသည် စင်ကာပူနိုင်ငံ၏ ဒဿမမြောက် အကြီး ဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ၂ဝ၁၁ ခုနှစ် တွင် နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ စင်ကာပူဒေါ်လာ ၃၅.၄ ဘီလီယံ အထိ ရောက်ရှိ ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်ထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment