Thursday, December 20, 2012

မလေးရှား စူပါလိဂ် ကလပ် PBDKT T-Team အသင်းနှင့် ရန်ကုန်ယူနိုက်တက် ခြေစမ်း ကစားမည်

Photo: မလေးရှား စူပါလိဂ် ကလပ် PBDKT T-Team အသင်းနှင့် ရန်ကုန်ယူနိုက်တက် ခြေစမ်း ကစားမည်
Thursday, 20 December 2012

ရန်ကုန်ယူနိုက်တက် အသင်းသည် မကြာမီ စတင်တော့မည့် ၂၀၁၃ ဘောလုံးရာသီ ရာသီကြို ပြင်ဆင်မှု အဖြစ် မလေးရှား စူပါလိဂ်ကလပ် PBDKT T-Team အသင်းနှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃း၃၀ နာရီတွင် Yangon United Sports Complex ရှိ မြက်ခင်းတုကွင်းတွင် ခြေစမ်း ကစားမည် ဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Persatuan Bolasepak Daerah Kuala Terengganu အမည်ရှိ T-Team အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီက မလေးရှား စူပါလိဂ်တွင် အဆင့်(၈) နေရာတွင် ရပ်တည်ခဲ့ပြီး ရန်ကုန်နည်းပြချုပ်ဟောင်း ပီတာဘတ္တလာ ကိုင်တွယ်နေသည့် အသင်းလည်း ဖြစ်ကာ မလေးရှား စူပါလိဂ်တွင် အောင်မြင်မှု မရသေးသည်ကို
မှတ်တမ်းများအရ သိရသည်။

T-Team အသင်းတွင် ပြည်ပ ကစားသမားများ အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်များ ဖြစ်သော ကိုဗင်ထရီစီးတီး၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့နှင့် ဟူးလ်စီးတီးတို့တွင် ကစားခဲ့ဖူးသော နယ်သာလန် လူမျိုး ဂျော့ခ်ျဘိုတန်နှင့် လိဂ်ယူနိုက်တက်၊ ဟူးလ်စီးတီး၊ မစ်ဒယ်ဘရော့နှင့် ဘာမင်ဂန်စီးတီး အသင်းတို့တွင် ကစားခဲ့ဖူးသော အိုင်ယာလန် နိုင်ငံသား ကလပ်ဘ်ဖိုလန်တို့ ပါဝင်လာကြောင်း သိရသည်။

မြက်ခင်းတုကွင်း၌ ကျင်းပမည့် အဆိုပါ ခြေစမ်းပွဲကို အထူးတန်း ကွင်းဝင်ကြေး ၂၀၀၀ နှင့် ရိုးရိုးတန်း ကွင်းဝင်ကြေး ၁၀၀၀ ဖြင့် ၀င်ရောက် ကြည့်ရှုရမည် ဖြစ်သည်။

Yangon United Football Clubရန်ကုန်ယူနိုက်တက် အသင်းသည် မကြာမီ စတင်တော့မည့် ၂၀၁၃ ဘောလုံးရာသီ ရာသီကြို ပြင်ဆင်မှု အဖြစ် မလေးရှား စူပါလိဂ်ကလပ် PBDKT T-Team အသင်းနှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃း၃၀ နာရီတွင် Yangon United Sports Complex ရှိ မြက်ခင်းတုကွင်းတွင် ခြေစမ်း ကစားမည် ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော Persatuan Bolasepak Daerah Kuala Terengganu အမည်ရှိ T-Team အသင်းသည် ပြီးခဲ့သည့် ၂၀၁၂ ဘောလုံးရာသီက မလေးရှား စူပါလိဂ်တွင် အဆင့်(၈) နေရာတွင် ရပ်တည်ခဲ့ပြီး ရန်ကုန်နည်းပြချုပ်ဟောင်း ပီတာ ဘတ္တလာ ကိုင်တွယ်နေသည့် အသင်းလည်း ဖြစ်ကာ မလေးရှား စူပါလိဂ်တွင် အောင်မြင်မှု မရသေး သည်ကို မှတ်တမ်းများအရ သိရသည်။

T-Team အသင်းတွင် ပြည်ပကစားသမားများအဖြစ် အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်များ ဖြစ်သော ကိုဗင်ထရီစီးတီး၊ အက်စတွန်ဗီလာ၊ မစ်ဒယ်ဘရော့နှင့် ဟူးလ်စီးတီးတို့တွင် ကစားခဲ့ဖူးသော နယ်သာလန် လူမျိုး ဂျော့ခ်ျဘိုတန်နှင့် လိဂ်ယူနိုက်တက်၊ ဟူးလ်စီးတီး၊ မစ်ဒယ်ဘရော့နှင့် ဘာမင်ဂန်စီးတီး အသင်း တို့တွင် ကစားခဲ့ဖူးသော အိုင်ယာလန် နိုင်ငံသား ကလပ်ဘ်ဖိုလန်တို့ ပါဝင်လာကြောင်း သိရသည်။

မြက်ခင်းတုကွင်း၌ ကျင်းပမည့် အဆိုပါ ခြေစမ်းပွဲကို အထူးတန်း ကွင်းဝင်ကြေး ၂၀၀၀ နှင့် ရိုးရိုးတန်း ကွင်း ၀င်ကြေး ၁၀၀၀ ဖြင့် ၀င်ရောက် ကြည့်ရှုရမည် ဖြစ်သည်။

Yangon United Football Club

No comments:

Post a Comment