Wednesday, December 12, 2012

World s Best Female Artist ဆု ပရီယန်ခါ ချိုပရာ လျာထားခြင်းခံရ


မကြာမီ ကျင်းပမည် World Music Awards ဆုပေးပွဲ အတွက် ဘောလီးဝုဒ် အဆိုတော် မင်းသမီးချော ပရီ ယန်ခါ ချိုပရာသည် ဆုသုံးဆု လျာထားခြင်း ခံရကြောင်း သိရသည်။
ချိုပရာသည် Worlds Best Female Arist ဆုနှင့် World}s Best Song ဆုများကို လျာထားခြင်း ခံရသည့် အပြင် သူမ၏In My City တေးသီချင်း ဗီဒီယိုဖြင့် အကောင်းဆုံး ဗီဒီယို ဆုအတွက်လည်း လျာထားခြင်း ခံရကြောင်း သိရသည်။
အဆိုပါ ဆုများကို ရရှိရန်အတွက် ချိုပရာသည် ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် မက်ဒေါနား
၊ လေဒီဂါ ဂါ၊ ရီဟန်းနားနှင့် အဒဲလ်တို့နှင့် ယှဉ်ရမည့် အပြင် အာရပ် ကမ္ဘာမှ အနုပညာရှင်များ ဖြစ်ကြသည့် အဲလစ်ဆာ၊ ဟိုင်ဖာတို့ကို လည်း ကျော် လွှားနိုင် ရမည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ World Music Awards ဆုပေး ပွဲအား လာမည့် ဒီဇင် ဘာ ၂ဝ ရက်တွင် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် မီယာမီမြို့တွင် ကျင်းပ သွားမည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment