Sunday, December 30, 2012

ဘွဲ့နှင်းသဘင်တွင်ငွေအလွန်အကျွံကောက်ခံခြင်း

 တောင်ငူတက္ကသိုလ် နဝမအကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ဓာတ်ပုံ ဘိုးငွေကို  ကျောင်းသို့(၁)ခါသွင်း ဘွဲ့ကျင်းပသောနေ့ မှာ ဓာတ်ပုံ
ဆရာမှ (၁)ခါစုစုပေါင်း ငွေ၂၀ဝ၀ဝိ၊ကျပ်နှစ်သောင်းကျော်ပေး ရပါသည်၊ ဘွဲ့ဝတ်စုံနှင့် အခြားကောက်ခံငွေနှင့် အားလုံးပေါင်း သုံးသောင်းခန့်ကျောင်းသို့ပေးသွင်းရ ပါသည်၊

နိုင်ငံတော်သမတကြီးမှ ပြည်သူပြည်သားများသက်သာစေရန် ဆင်းရဲမွဲတေမှု ပပျောက်စေရန် လုပ်ဆောင်နေချိန်တွင် တောင်ငူ ဘွဲ့ကျင်းပရေးကော်မတီမှ ကျောင်းသူ၊သား သက်သာစေရန် မလုပ်ဆောင်ဘဲ စီးပွားရေး သမားနှင့်ပေါင်း၍ ငွေအများအပြားကောက်ခံနေ၍ ကျောင်းသားများ ဘွဲ့မယူ နိုင်အောင်ဖြစ်နေပါသည်၊

အဝေးသင်တက္ကသိုလ် ဘွဲ့ယူရာ ဓာတ်ပုံဘိုး၊ ဝတ်စုံ နှင့် အခြားကောက်ခံငွေ (၁၀ဝ၀ဝိ၊)မကျော်ပါ အဂတိလိုက်စား၍ ကျောင်းသားကျောင်းသူများအပေါ်မညှာမတာ ကောက်ခံနေမှုအား စစ်ဆေးအရေး ယူဆောင်ရွက်နိုင်ရန်တင်ပြပါသည်၊

 (၁၀)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ကျွှန်တော်ကလေး ဘွဲ့ယူဦးမည်ဖြစ်ပါ သည်၊ဆက်လက်၍ အလွန်အကျွှံကောက်ခံနေပါကဘွဲ့ယူနိုင်မည်မဟုတ်ပါသဖြင့် တင်ပြရဖြင်းဖြစ်ပါသည်၊


ဦးမိုးသူ NLP ၁၂၈၃၃၇
ဗိုလ်ချုပ်လမ်း
တောင်ငူမြို့


From :  ရွှေမြန်မာ

No comments:

Post a Comment