Sunday, December 30, 2012

ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်

Photo: ဂျပန် ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီ ရုံးခွဲ ဖွင့်မည်
Sunday, 30 December 2012

ဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦ လုပ်ငန်း လုပ်ကိုင်သော NEC ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန် အခြေစိုက် KDDI၊ NEC ကုမ္ပဏီများ အပါအဝင် နိုင်ငံတကာ မှလည်း ဆက်သွယ်မှုများ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်လ်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

NEC ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ဆက်သွယ်ရေး စနစ်များနှင့် ချိတ်ဆက်၍ ရေအောက် အင်တာနက် ကေဘယ် စနစ် ချိတ်ဆက်မှု လုပ်ငန်းများ၊ စက်မှုဇုန် များအတွက် နည်းပညာ ပိုင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စနစ်များ၊ လုံခြုံရေး စနစ်များ နှင့် e-Government စနစ်များ စသည့် လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက် နေသော ကုမ္ပဏီကြီး
ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ NEC သည် NTT Data နှင့် KDDI တို့ပြီးနောက် မြန်မာနိုင်ငံတွင် တတိယမြောက် ရင်းနှီးမြှပ်နှံသော ဂျပန် နည်းပညာ ကုမ္ပဏီ ဖြစ်သည်။

The Voice Weeklyဂျပန်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး နှင့် နည်းပညာ ဆိုင်ရာ အခြေခံ အဆောက်အဦလုပ်ငန်းလုပ်ကိုင်သောNECကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ရုံးခွဲများဖွင့်လှစ်၍ လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့ ထုတ်ပြန် ကြေညာ ခဲ့သည်။ ၃၅ နှစ်ကြာ ဖြတ်သန်း လာသော အတွေ့အကြုံ အရ မြန်မာနိုင်ငံတွင် တယ်လီဖုန်း အိတ်ချိန်းများ၊ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဂြိုလ်တု အခြေစိုက် စခန်းများ၊ ရုပ်သံ ထုတ်လွှင့်သည့် အဆောက်အဦများ စသည့် ကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စား နေကြောင်း NEC ကော်ပိုရေးရှင်းမှ Greater China and Asia Pacific Sales Division ၏ အထွေထွေ မန်နေဂျာ Shin Sakamoto မှ ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေနှင့် ရန်ကုန်တွင် ရုံးခွဲ ဖွင့်လှစ်၍ ဇန်နဝါရီလ အတွင်း လုပ်ငန်းများ စတင် လုပ်ကိုင် ရန် ရည်ရွယ်ထားပြီး မကြာမီ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ် သွားရန် စီစဉ်နေသည်။

လက်ရှိ အချိန်တွင် ပြည်တွင်းတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန် အခြေစိုက် KDDI၊ NEC ကုမ္ပဏီများ အပါအဝင် နိုင်ငံတကာ မှလည်း ဆက်သွယ်မှုများ ရှိနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်လ်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက The Voice Weekly သို့ ပြောကြားသည်။

NEC ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ဆက်သွယ်ရေး စနစ်များနှင့် ချိတ်ဆက်၍ ရေအောက် အင်တာနက် ကေဘယ် စနစ် ချိတ်ဆက်မှု လုပ်ငန်းများ၊ စက်မှုဇုန် များအတွက် နည်းပညာ ပိုင်း ဆိုင်ရာ အခြေခံ အဆောက်အဦးများ၊ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စနစ်များ၊ လုံခြုံရေး စနစ်များ နှင့် e-Government စနစ်များ စသည့် လုပ်ငန်းများ ကိုလည်း လုပ်ကိုင် ဆောင်ရွက် နေသော ကုမ္ပဏီကြီး
ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ အခြေစိုက် နည်းပညာ ဆိုင်ရာ ကုမ္ပဏီ NEC သည် NTT Data နှင့် KDDI တို့ပြီးနောက် မြန်မာနိုင်ငံတွင် တတိယမြောက် ရင်းနှီးမြှပ်နှံသော ဂျပန် နည်းပညာ ကုမ္ပဏီ ဖြစ်သည်။

From : The Voice Weekly

No comments:

Post a Comment