Tuesday, January 1, 2013

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။

KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့ အရင်က စိတ်ထဲမှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။

ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာတာက နိုင်ငံရေးခံယူချက် မည်မည်ရရ မရှိတဲ့အဖွဲ့ တစ်ခုဆိုတာပါပဲ။

ဘယ်လို နိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတာလဲ။

(အကယ်၍) ကချင်ပြည်နယ်ကို KIO/KIA အဖွဲ့ လက်ထဲထည့်ပြီး “ ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ ” ဆိုရင် ၊ ဘယ်လို ဖွဲ့စည်းပုံနဲ့ ၊ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား ၊ ကချင်လူထု အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာ သေချာရဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ရပါလိမ့်မယ်။

ငြိမ်းချမ်းရေး ကိစ္စ စဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် ဘာလို့ ထည့်မစဉ်းစားနိုင်ရတာလဲ။

KIO/KIA အဖွဲ့ အနေနဲ့ ကိုယ့်လူမျိုး အချင်းချင်းအတွက် အဲဒီကိစ္စတွေကို မစဉ်းစားပေးဘဲ ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၊ ကချင်လူထုအတွက် လုပ်နေတဲ့ တော်လှန်ရေး ဟုတ်ပါရဲ့လား။

KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများ၏ ချမ်းသာကြွယ်ဝမှုကို လိုင်ဇာရောက်ဖူးသူတိုင်း သိပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ် အတွက် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘ၀ ဖွံ့ဖြိုးစည်ပင်ရေးတွေ အတွက် ဘာများ လုပ်ကိုင်ပေးခဲ့ ပါသလဲ။

လုပ်ခွင့်မရလို့ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့တော့ မလုံလောက်ပါဘူး။

ကချင်ပြည်နယ်ကို အုပ်ချုပ်ပိုင်ခွင့် တောင်းနေသော KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများခင်ဗျာ...

ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေသာ နေတာမပာုတ်ပါဘူး ၊ လူမျိုးပေါင်းစုံ နေထိုင်တာပါ။

အုပ်ချုပ်ခွင့် လိုချင်တဲ့သူက ပြည်သူကို ဘယ်လိုဆက်ဆံတာလဲ ၊ လက်ခံချင်အောင် လုပ်နေတာလား ၊ လက်မခံချင်အောင် လုပ်နေတာလား။

အစိုးရက ပေးတာ ၊ မပေးတာ အပထား။ ပြည်သူကိုတော့ အရင်မေးကြည့်သင့်ပါတယ်။

အုပ်ချုပ်မဲ့သူတစ်ယောက်က အစိုးရထက်ပိုပြီး ဆိုးရွားလွန်းနေတာ ၊ ဘယ်ပြည်သူက သဘောကျမတုန်း။

သေချာသိချင်ရင် တစ်နိုင်ငံလုံး ဆန္ဒမဲကောက်ြပီး မေးနေ စရာမလိုပါဘူး။

ကချင်ပြည်နယ်မှာ နေတဲ့သူဆီမှာပဲ ၊ ဆန္ဒမဲ အရင် ကောက်ကြည့်ပါဗျာ။

အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။။ ။။

KIO/KIA အဖွဲ့ ကို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့အဖွဲ့လို့ အရင်က စိတ်ထဲမှာ အသိအမှတ်ပြုခဲ့ပါသေးတယ်။
ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာတာက နိုင်ငံရေးခံယူချက် မည်မည်ရရ မရှိတဲ့အဖွဲ့ တစ်ခုဆိုတာပါပဲ။
ဘယ်လို နိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်နေတာလဲ။
(အကယ်၍) ကချင်ပြည်နယ်ကို KIO/KIA အဖွဲ့ လက်ထဲထည့်ပြီး “ ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ ” ဆိုရင် ၊ ဘယ်လို ဖွဲ့စည်းပုံနဲ့ ၊ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား ၊ ကချင်လူထု အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်တယ်ဆိုတာ သေချာရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကို မေးခွန်း ထုတ်ရပါ လိမ့်မယ်။
ငြိမ်းချမ်းရေး ကိစ္စ စဉ်းစားတဲ့နေရာမှာ ကချင်စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အတွက် ဘာလို့ ထည့်မစဉ်းစားနိုင်ရတာလဲ။
KIO/KIA အဖွဲ့ အနေနဲ့ ကိုယ့်လူမျိုး အချင်းချင်းအတွက် အဲဒီကိစ္စတွေကို မစဉ်းစားပေးဘဲ ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေတာ ၊ ကချင်လူထုအတွက် လုပ်နေတဲ့ တော်လှန်ရေး ဟုတ်ပါရဲ့လား။
KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများ၏ ချမ်းသာကြွယ်ဝမှုကို လိုင်ဇာရောက်ဖူးသူတိုင်း သိပါတယ်။
ဒါပေမယ့် သူတို့အနေနဲ့ ကချင်ပြည်နယ် အတွက် ကျန်းမာရေး ၊ ပညာရေး ၊ လူမှုဘ၀ ဖွံ့ဖြိုး စည်ပင်ရေးတွေ အတွက် ဘာများ လုပ်ကိုင်ပေးခဲ့ ပါသလဲ။
လုပ်ခွင့်မရလို့ ဆိုတဲ့ အကြောင်းပြချက် လောက်နဲ့တော့ မလုံလောက်ပါဘူး။
ကချင်ပြည်နယ်ကို အုပ်ချုပ်ပိုင်ခွင့် တောင်းနေသော KIO/KIA အဖွဲ့မှ ခေါင်းဆောင်လူကြီးများခင်ဗျာ...
ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေသာ နေတာမပာုတ်ပါဘူး ၊ လူမျိုးပေါင်းစုံ နေထိုင်တာပါ။
အုပ်ချုပ်ခွင့် လိုချင်တဲ့သူက ပြည်သူကို ဘယ်လိုဆက်ဆံတာလဲ ၊ လက်ခံချင်အောင် လုပ်နေတာလား ၊ လက်မခံချင်အောင် လုပ်နေတာလား။
အစိုးရက ပေးတာ ၊ မပေးတာ အပထား။ ပြည်သူကိုတော့ အရင်မေးကြည့်သင့်ပါတယ်။
အုပ်ချုပ်မဲ့သူတစ်ယောက်က အစိုးရထက်ပိုပြီး ဆိုးရွားလွန်းနေတာ ၊ ဘယ်ပြည်သူက သဘောကျမတုန်း။
သေချာသိချင်ရင် တစ်နိုင်ငံလုံး ဆန္ဒမဲကောက်ြပီး မေးနေ စရာမလိုပါဘူး။
ကချင်ပြည်နယ်မှာ နေတဲ့သူဆီမှာပဲ ၊ ဆန္ဒမဲ အရင် ကောက်ကြည့်ပါဗျာ။
အင်း..... နောက်ဆုံးတော့လဲ သူပုန် ဆိုတာ ၊ သူပုန်ပါပဲလေ။။ ။။
From..ဘ၀အလင်း

No comments:

Post a Comment