Tuesday, January 1, 2013

KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ


KIA အား တရုတ်တို့မှ လက်နက်ငယ်များသာမက လက်နက်ကြီးများပါ ထောက်ပံ့နေ

Tuesday, 1 January 2013
၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီးတစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက တရုတ်တို့အနေဖြင့် KIA အားလက်သိပ်ထိုးထောက်ပံ့နေသည့် သက်သေပင် ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။

အမေ့အိမ်

၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အစိုးရတပ်မှ လဂျားယန်တောင်ကြောရှိ KIA စခန်းများအား သိမ်းပိုက်ခဲ့ရာတွင် တရုတ်နိုင်ငံလုပ် ၁၂၀ မမ စိန်ပြောင်းကြီး ၁ လက်အပါအ၀င် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ စိန်ပြောင်းများသည် ဈေးအလွန်ကြီးမားပြီး လက်နက်မှောင်ခိုများထံမှ ၀ယ်ယူရန်ခက်ခဲသည့် လက်နက်မျိုးဖြစ်ကြောင်း KIA အဖွဲ့တွင် အသုံးပြုလျက်ရှိသော လက်နက်ငယ်နှင့် မိုင်းအားလုံးလိုလိုမှာ တရုတ်နိုင်ငံလုပ်များပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် လက်နက်ကြီး တစ်လက် KIA အဖွဲ့ထံမှ သိမ်းဆည်းရမိခြင်းက တရုတ်တို့အနေဖြင့် KIA အားလက်သိပ် ထိုးထောက် ပံ့နေ သည့် သက်သေပင် ဖြစ်ကြောင်းသိရသည်။
၎င်းတရုတ်နိုင်ငံလုပ် ၁၂၀ မမ လက်နက်ကြီးဖြင့် အစိုးရတပ်များအား ပစ်ခတ်နေသည့်ပုံကို The Voice ဂျာနယ်၏ Facebook စာမျက်နှာတွင် (၃၀-၁၂-၂၀၁၂) ရက်နေ့ကလည်း တွေ့ခဲ့ရသည်။

အမေ့အိမ်

No comments:

Post a Comment