လူသားမျိုးနွယ် တစ်ရပ်လုံး၏အန္တရာယ် ဖြစ်သော မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် တာချီလိတ်နယ်မြေအတွင်း
ဒေသခံ ပြည်သူနှင့် တပ်မတော်တို့ပူးပေါင်းလျက် သတင်းဖော်ထုတ် ပိတ်ဆို့
ရှင်းလင်းခြင်း များ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်က နယ်မြေခံပြည်သူ့ စစ်နှင့် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်း ဆောင်ရွက်စဉ်
မူးယစ်တရားခံစိုင်းနော်ခမ်းအဖွဲ့မှ လက်ကျန်ကျဟဲ ဦးစီး၅ဦးနှင့်
ထိတွေ့မှု ဖြစ်ပွားပြီး ၎င်းနေရာတစ်ဝိုက်အား အသေးစိတ်ရှင်းလင်း ခဲ့ရာ
ခေါင်းဆောင်ဟုယူဆရသည့် ကျဟဲအား ရှေ့ထွက်မိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊
အမ်- ၇၉ ဗုံးသီး ၁၇ လုံ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ပြီး WY စာတမ်းပါစိတ်ကြွ ရူးသွပ် ဆေးပြား ၂၅ဝဝ ပြားပါ အထုပ်တစ်ထုပ်၊ ရှေ့ထွက်မိုင်း
ကြိုးခွေ (၁ဝဝ) ပေအရှည် ၃ ခွေ၊ ၄ဝ မမ ဗုံးသီး ၈ လုံး၊ နိုကီရာ ဖုန်း
မိုင်း ၆ လုံး၊ ဒေသန္တရ လက်လုပ် သံကိုယ်ထည် မိုင်း ၁ လုံး၊ တီအင်န်တီ ယမ်း
ဝ.၂၅ ပိုင်း ကီလို ၂ တုံး၊ ကန့်မှုန့် ဝ.၅ ကီလို ၁ ထုပ်၊ လျှပ်စစ် စနက်တံ ၆
ခု၊ ပေ ၁၅ဝ ရှည် အဖြူရောင် ဝါယာကြိုးခွေ ၁ ခွေ၊ အမ် -၂၂ ကျည်အိမ် ၁ ခုနှင့်
၎င်းကျည် ၈၄ တောင့်၊ ကျည်ကာ အင်္ကျီ ၁ ထည် သိမ်းဆည်း ရမိသည်။ဆက်လက်၍ တပ်မတော်စစ်ကြောင်းများ၊ နယ်မြေခံ ပြည်သူ့စစ်အဖွဲ့များနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကို မုန်းတီးကြသည့် ပြည်သူလူထုများ ပေါင်း၍ အဆက်မပြတ်ဖိအား ပေးမှုကြောင့် သောင်းကျန်းသူကျဟဲ အဖွဲ့မှအဖွဲ့ဝင် ဖြစ်သူ နမ့်ဖုန်းရွာသားကျကွဲသည် ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၇ နာရီတွင် ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်ဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၂ဝ ရက်၊ ညနေ ၄ နာရီ ခွဲတွင် ကျန်အဖွဲ့ဝင်များ ဖြစ်သည့် ကျတီခဲ၊ ပါနတ်၊ ကျဘူရှီး နှင့် မချော်ကဲတို့ ၄ ဦးသည်လည်းကောင်း တပ်မတော်စစ်ကြောင်းရှိရာသို့ အလင်းဝင်ရောက်ခဲ့သည်။ Geneva Conventions of August 12 th., 1949, Article III , Conflicts not of an international Charcter I and II နှင့်အညီ တပ်မတော်စစ်ကြောင်းက စောင့်ရှောက်ပေး ထားကြောင်း သတင်း ရရှိသည်။
အလင်းဝင်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ခွဲတွင် ကာဘိုင် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျည် ၈ တောင့်၊ အမ်- ၇၉ လောင်ချာ ၁ လက်၊ အေကေ - ၄၇ (၅)လက်၊ ၎င်းကျည်အိမ် ၅ ခုနှင့် ကျည် ၂ဝ၅ တောင့်၊ ၄ဝ မမဗုံးသီး ၈ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ တီအင်န်တီယမ်း ဝ.၂၅ ပေါင် ၁ တုံး၊ လျှပ်စစ် စနက်တံ ၃ ခုနှင့် မိုင်းကြိုး ၁ဝဝ ပေအရှည် ၂ ခွေ၊ အာပီဂျီ ၁ လက်၊ ၎င်းဗုံးသီး ၂ လုံး၊ ပို့ကျည် ၁ တောင့် တို့အား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိပါသည်။
မြ၀တီ
No comments:
Post a Comment