Tuesday, January 29, 2013

နိုင်ငံရေးစကားလုံး ဗဟုသုတ အချို့ပါ။ စိတ်ဝင်စားသူတွေအတွက် ...



နိုင်ငံရေး စကားလုံးတွေမှာ လက်ဝဲ၊ လက်ယာ ဆိုပြီး ခွဲခြား ပြောဆိုမှုတွေ ရှိသလို .. ဒီလူက လက်ဝဲ ဝါဒီ၊ ဒီလူက လက်ယာ ဝါဒီဆိုပြီး ပြောဆိုကြတာ ရှိပါတယ်။



လက်ဝဲ၊ လက်ယာ ဆိုတာ ဘာကို ခေါ်တာပါလဲ။ ဘယ်က ပေါ်ပေါက်လာတာပါလဲ ... စိတ်ဝင်စားစရာပါ။

တချို့က လက်ယာကို .. ရှေးရိုးစွဲဝါဒီ တွေလို့ ခေါ်ကြပြီး၊ လက်ဝဲကို တော်လှန်သူတွေလို့ ခေါ်ကြပါတယ်။ ဒါလည်း မမှားပါဘူး။ တချို့ကတော့ ... လက်ယာကို လူချမ်းတွေနဲ့ စီးပွားရေး တစ်ခုကိုပဲ မျက်နှာသာပေးတဲ့ နိုင်ငံရေးမူဝါဒ စွဲကိုင်သူများနဲ့ လက်ဝဲကို လူအများ တန်းတူရေး (ဆိုရှယ်လစ်၊ ကွန်မြူနစ်) ဝါဒ စွဲကိုင်သူများလို့ သတ်မှတ်ကြပါတယ်။ ဒါလည်း မှန်ပါတယ်။ လက်ဝဲ၊ လက်ယာ ဝါဒတွေမှာ သူတို့ စွဲကိုင်တဲ့မူဝါဒတွေက ကွဲကြပါတယ်။ (ဝါဒအကြောင်း ပြောတာ မဟုတ်လို့ ဒီနေရာမှာ ဝါဒကိစ္စ အရှည် မရှင်းတော့ပါ။)

ဘယ်က ပေါ်ပေါက်လာတာလဲဆိုတာ ကတော့ (ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ် အခင်းအကျင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့တဲ့) ... ပြင်သစ် တော်လှန်ရေးကာလကနေ ထွက်ပေါ်လာတဲ့ စကားလုံး ဖြစ်ပါတယ်။

၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေး ကာလအတွင်းမှာ ပြင်သစ်နိုင်ငံရဲ့ ပါလီမာန်လို နေရာမှာ ... ဘုရင်ကို ထောက်ခံသူတွေက သမ္မတရဲ့ ညာဘက်ချမ်းမှာ နေရာယူပြီး၊ ဘုရင်ကို တော်လှန်သူတွေက သမ္မတရဲ့ ဝဲဘက်ခြမ်းမှာ နေရာယူပြီး ဆွေးနွေးကြရာကနေ ... လက်ဝဲဘက်ကလူ၊ လက်ယာဘက်က လူဆိုတဲ့ အပြောအဆို အတွေးအခေါ် ပေါ်လာကြတာ ဖြစ်ပါတယ်။

နောက် စကားလုံး တစ်ခုကတော့ ... "တတိယ ကမ္ဘာ နိုင်ငံများ (Third world countries)" ဆိုတဲ့ စကားလုံးပါပဲ။ ဘာကို ရည်ညွှန်းတာလဲ ... ဘယ်က ပေါ်လာတာလဲ။

ဒီနေ့ခေတ်မှာ တတိယ ကမ္ဘာ နိုင်ငံလို့ ရည်ညွှန်းလိုက်ရင် များသောအားဖြင့် ဆင်းရဲပြီး မတိုးတတ်သေးတဲ့ နိုင်ငံတွေကို တတိယ နိုင်ငံလို့ ခေါ်ကြတယ်ဆိုတာမျိုး ယေဘုံယျနားလည်ကြပါတယ်။ ဒါလည်း သိပ်တော့ မမှားပါဘူး။ ဒါပေမယ့် အတိအကျ ဆိုလိုရင်း မဟုတ်ပါဘူး။

တတိယ ကမ္ဘာဆိုတဲ့ စကားလုံးကို "နိုင်ငံတကာဆက်ဆံရေး (International Relation)" ဘာသာရပ်ကနေ ပေါ်ထွက်လာတဲ့ စကားလုံး ဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ အားပြိုင်ကြတဲ့ စစ်အေးကာလ (Cold War) အတွင်းမှာ ဖြစ်နေတာတွေကို ရှင်းပြနိုင်အောင် သုံးတဲ့ စကားလုံး ဖြစ်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ အင်အားစုကို "အနောက်အင်အားစု (The West)" လို့ ခေါ်ပြီး ... ရုရှား ဦးဆောင်တဲ့ အင်အားစုကို အရှေ့ (The East)" လို့ ခေါ်ကြပါတယ်။ ဒီနှစ်ခုကို "ပထမကမ္ဘာ (First world)"၊ "ဒုတိယ ကမ္ဘာ (Second World) လို့လည်း ခေါ်ကြပါတယ်။

အဲဒီ ကမ္ဘာ နှစ်ခုမှာ မပါတဲ့ နိုင်ငံတွေကို တတိယကမ္ဘာ (Third World) လို့ သုံးနှုံးရာကနေ ... ပေါ်ထွက်လာတာပါ။ တတိယ ကမ္ဘာမှာ အာရှနိုင်ငံ၊ အာဖရိက နိုင်ငံ၊ တောင်အမေရိကနိုင်ငံ စတဲ့ ပထမနဲ့ ဒုတိယ ကမ္ဘာ အားပြိုင်မှုမှာ ဘယ်မှာမှ ဝင်မပါတဲ့ နိုင်ငံတွေကို သတ်မှတ်တာ ခေါ်ဝေါ် ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်ကို အနောက်လို့လည်း မခေါ်၊ အရှေ့လို့လည်း မသုံး၊ တတိယနိုင်ငံလို့လည်း မသုံးပါဘူး။ (တကယ်ကတော့ စကားလုံး ဆိုလိုရင်းအရဆို သူလည်းတတိယ ကမ္ဘာနိုင်ငံပါ။) ဒါပေမယ့် တတိယနိုင်ငံ ဆိုရင် ... ဆင်းရဲတဲ့ နိုင်ငံလို့ လူတွေက ယူဆကြတော့ ဂျပန်ဟာဆင်းရဲတဲ့ နိုင်ငံ မဟုတ်လို့ မသုံးပါဘူး။ ပထမနဲ့ ဒုတိယ ကမ္ဘာထဲမှာလည်း မပါခဲ့ပါဘူး။ ဒီတော့ ... တိုးတတ်ပြီးနိုင်ငံ "Developed country" အနေနဲ့ပဲ ...ခေါ်ဝေါ်ကြတာကို သတိထားမိကြပါလိမ့်မယ်။

နိုင်ငံရေးမှာ အမြဲလိုလိုတွေ့ကြုံနေရတဲ့ ဝေါဟာရ လေးတွေကို ဗဟုသုတ ရစေလိုတဲ့ အလို့ငှာ တင်ပြလိုက်တာသာ ဖြစ်ပါတယ်။

(ကိုထိုက်)

facebook မှ

No comments:

Post a Comment