Thursday, January 10, 2013

အပိုပစ္စည်းပြဿနာရှိနေသည့် တရုတ်ကလစ်ဘီးနှင့်ဘက်ထရီ ဆိုင်ကယ်များ

Photo: အပိုပစ္စည်းပြဿနာရှိနေသည့် တရုတ်ကလစ်ဘီးနှင့်ဘက်ထရီ
ဆိုင်ကယ်များ
Thursday, 10 January 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ တရုတ်နိုင်ငံထုတ်မော်ဒယ်မြင့်
ဆိုင်ကယ်များမှ ကလစ်ဘီး နှင့်ဘက်ထရီဆိုင်ကယ်များအတွက် အပိုပစ္စည်းရောင်းချမှုနည်းပါးနေခြင်းကြောင့် တရုတ်ဆိုင်ကယ်များ ၀ယ်ယူမှုနည်းပါးလျက်ရှိသည်ဟု သိရှိရသည်။

“လူကြီးပိုင်းဆိုတော့ အော်တိုဂီယာဘီးတွေက သက်တောင့်သက်သာနဲ့
စီးရတာ ရိုးရှင်းလွယ်ကူတယ် ဆိုပြီး အဆင်ပြေမယ်ထင်ခဲ့တာ၊ ဘီးပေါက်လို့ကျွတ်လဲရမယ်ဆိုရင် ကျွတ်က ကျောက်မဲရော လားရှိုးပါ မရှိဘူး၊ တရုတ်ပြည်ထဲထိမှာ ယူနေရတော့ ကျွတ်လေးလဲဖို့တောင်  
နှစ်ရက် သုံးရက် ကြာတယ်”ဟု အသက် (၅၀)အရွယ် ကျောက်မဲဒေသခံ တရုတ်အမျိုးသမီးတစ်ဦးက ပြောသည်။

ကာလတန်ဖိုး ကျပ်လေးသိန်းသုံးသောင်း(၄၃၀၀၀၀)၀န်းကျင်မှ ဆယ့်သုံးသိန်း(၁၃၀၀၀၀၀) ၀န်းကျင်ရှိ အော်တိုဂီယာပါဝင်သော ဆိုင်ကယ်အမျိုးအစားပေါင်းများစွာရှိပြီး အမျိုးအစား အားလုံး အတွက် တူညီမှုမှာ အပိုပစ္စည်းရှားပါးခြင်းဖြစ်သည်ဟု ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

“မော်ဒယ်မြင့်ဆိုင်ကယ်တွေကတော့ အမျိုးအစားအနေနဲ့ဆို အများကြီးရှိတယ်၊ ယိုးဒယားကလာတဲ့ ဘီးတွေအတွက် အပိုပစ္စည်း ကမန္တလေးမှာဝယ်လို့ရတယ်၊ အပိုပစ္စည်းအရှားပါးဆုံးကတော့ အော်တို ဂီယာပါတဲ့ တရုတ်ကလစ်ဘီးတွေပဲ၊ စက်ပစ္စည်းတင် မဟုတ်ဘူး ကာဗာ၊စတစ်ကာ၊ကျွတ်တွေကအစ တရုတ်ပြည်ထဲအထိ မှာယူနေရတယ်” ဟု ကျောက်မဲမြို့ရှိ ဆိုင်ကယ်အမျိုးမျိုးပြုပြင်သူ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံထုတ် ၁၁၀ စီစီ အမျိုးအစားထဲတွင် ၂၀၁၂ ထုတ် အီးအက်ဖ်အိုင်(EFI)တံဆိပ် ဆိုင်ကယ်နှင့် ၁၂၅ စီစီ အမျိုးအစားတွင် အာရ်စီ(RC)တံဆိပ်ဆိုင်ကယ်တို့မှာ အပိုပစ္စည်းအရှားပါးဆုံး ဖြစ်ပြီး၊
အော်တိုဂီယာပါဝင်သော မြေပြန့်သုံးတရုတ်ကလစ် ဇောင်ရှန်း အမျိုးအစားမှာလည်း  အပိုပစ္စည်းမှာ တရုတ်ပြည်မကြီးထိမှာယူမှသာ ရရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“တစ်မြို့လုံးမှာဆိုရင်တော့ အစီးငါးဆယ်ကျော်လောက်ပဲ ရှိမယ်ထင်တယ်၊ အရေအတွက် များလာရင်တော့ အပိုပစ္စည်းရောင်း ၀ယ်ရေးတွေ ရှိလာ
လောက်ပါတယ်၊ အစီးရေနည်းတဲ့ ဆိုင်ကယ်အမျိုးအစားတွေအတွက် အပိုပစ္စည်းတင်ထားရင်လည်း သိပ်မကိုက်ဘူး”ဟု ဆိုင်ကယ် အပိုပစ္စည်း
အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ကန်ဘိုကဲ့သို့နာမည်ကြီးတံဆိပ်များအပါအ၀င် အခြားဆိုင်ကယ်
အမျိုးအစားများအတွက် အပိုပစ္စည်းမှာ ပြည်တွင်း၌ဖြန့်ချီမှု ရှိသောကြောင့် နေရာတိုင်းတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အဆိုပါ တရုတ်ကလစ်ဘီးများ နှင့် ဘက်ထရီဆိုင်ကယ်များအတွက် အပိုပစ္စည်းများကို ဆိုင်ကယ်ထုတ် လုပ်ရာ တရုတ်ကုမ္ပဏီမှ ပြည်တွင်းသို့ တင်ပို့ရောင်းချပေးမှု မရှိသောကြောင့် အပိုပစ္စည်းရှားပါး နေရခြင်းဖြစ်
သည်ဟု ဆိုင်ကယ်ဈေးကွက်အတွင်းက သိရသည် ။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ တရုတ်နိုင်ငံထုတ်မော်ဒယ်မြင့်
ဆိုင်ကယ်များမှ ကလစ်ဘီး နှင့်ဘက်ထရီဆိုင်ကယ်များအတွက် အပို ပစ္စည်းရောင်းချမှုနည်းပါးနေခြင်းကြောင့် တရုတ်ဆိုင်ကယ်များ ၀ယ်ယူ မှုနည်းပါးလျက်ရှိသည်ဟု သိရှိရသည်။
“လူကြီးပိုင်းဆိုတော့ အော်တိုဂီယာဘီးတွေက သက်တောင့်သက်သာ နဲ့စီးရတာ ရိုးရှင်းလွယ်ကူတယ်ဆိုပြီး အဆင်ပြေမယ်ထင်ခဲ့တာ၊ ဘီးပေါက်လို့ကျွတ်လဲရမယ်ဆိုရင် ကျွတ်က ကျောက်မဲရော လားရှိုးပါ မရှိဘူး၊ တရုတ်ပြည်ထဲထိမှာ ယူနေရတော့ ကျွတ်လေးလဲဖို့တောင် နှစ်ရက်သုံးရက်ကြာတယ်”ဟု အသက် (၅၀)အရွယ် ကျောက်မဲဒေသခံ တရုတ်အမျိုးသမီးတစ်ဦးက ပြောသည်။

ကာလတန်ဖိုး ကျပ်လေးသိန်းသုံးသောင်း(၄၃၀၀၀၀)၀န်းကျင်မှ ဆယ့်သုံးသိန်း(၁၃၀၀၀၀၀) ၀န်းကျင် ရှိ အော်တိုဂီယာပါဝင်သော ဆိုင်ကယ်အမျိုးအစားပေါင်းများစွာရှိပြီး အမျိုးအစားအားလုံးအတွက် တူညီမှုမှာ အပိုပစ္စည်းရှားပါးခြင်းဖြစ်သည်ဟု ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

“မော်ဒယ်မြင့်ဆိုင်ကယ်တွေကတော့ အမျိုးအစားအနေနဲ့ဆို အများကြီးရှိတယ်၊ ယိုးဒယားကလာတဲ့ ဘီးတွေအတွက် အပိုပစ္စည်း ကမန္တလေးမှာဝယ်လို့ရတယ်၊ အပိုပစ္စည်းအရှားပါးဆုံးကတော့ အော်တို ဂီယာပါတဲ့ တရုတ်ကလစ်ဘီးတွေပဲ၊ စက်ပစ္စည်းတင် မဟုတ်ဘူး ကာဗာ၊စတစ်ကာ၊ကျွတ်တွေကအစ တရုတ်ပြည်ထဲအထိ မှာယူနေရတယ်” ဟု ကျောက်မဲမြို့ရှိ ဆိုင်ကယ်အမျိုးမျိုးပြုပြင်သူ တစ်ဦးကပြော သည်။

တရုတ်နိုင်ငံထုတ် ၁၁၀ စီစီ အမျိုးအစားထဲတွင် ၂၀၁၂ ထုတ် အီးအက်ဖ်အိုင်(EFI)တံဆိပ် ဆိုင်ကယ်နှင့် ၁၂၅ စီစီ အမျိုးအစားတွင် အာရ်စီ(RC)တံဆိပ်ဆိုင်ကယ်တို့မှာ အပိုပစ္စည်းအရှားပါးဆုံး ဖြစ်ပြီး ၊အော်တို ဂီယာပါဝင်သော မြေပြန့်သုံးတရုတ်ကလစ် ဇောင်ရှန်း အမျိုးအစားမှာလည်း အပိုပစ္စည်းမှာ တရုတ်ပြည် မကြီးထိမှာယူမှသာ ရရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“တစ်မြို့လုံးမှာဆိုရင်တော့ အစီးငါးဆယ်ကျော်လောက်ပဲ ရှိမယ်ထင်တယ်၊ အရေအတွက်များလာ ရင်တော့ အပိုပစ္စည်းရောင်း ၀ယ်ရေးတွေ ရှိလာလောက်ပါတယ်၊ အစီးရေနည်းတဲ့ ဆိုင်ကယ် အမျိုး အစားတွေအတွက် အပိုပစ္စည်းတင်ထားရင်လည်း သိပ်မကိုက်ဘူး”ဟု ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင် ရှင်တစ်ဦးက ပြောသည်။

ကန်ဘိုကဲ့သို့နာမည်ကြီးတံဆိပ်များအပါအ၀င် အခြားဆိုင်ကယ်အမျိုးအစားများအတွက် အပိုပစ္စည်း မှာ ပြည်တွင်း ၌ဖြန့်ချီမှုရှိသောကြောင့် နေရာတိုင်းတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အဆိုပါ တရုတ် ကလစ်ဘီးများ နှင့် ဘက်ထရီဆိုင်ကယ်များအတွက် အပိုပစ္စည်းများကို ဆိုင်ကယ်ထုတ်လုပ်ရာ တရုတ် ကုမ္ပဏီမှ ပြည်တွင်းသို့ တင်ပို့ရောင်းချပေးမှု မရှိသောကြောင့် အပိုပစ္စည်းရှားပါး နေရခြင်းဖြစ် သည်ဟု ဆိုင်ကယ်ဈေးကွက်အတွင်းက သိရသည် ။

  ( မြစ်မခ )
Myit Makha Mediagroup

No comments:

Post a Comment