Tuesday, January 8, 2013

ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်

Photo: ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်
Tuesday, January 08, 2013

ယခုနှစ် နွေရာသီတွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာ
ယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ်လာသည်။

ချယ်လ်ဆီးတွင် ပထမဦးစားပေး ကစားသမားအဖြစ် နေရာရမှု နည်းပါးလာသော လမ်းပတ်ကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင် 
ဆက်လက် ကစားလိုခြင်း မရှိဘဲ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် အဆင့်သင့်ပင်ဖြစ်ကြောင်း The Sun Football က ပြောကြားသည်။ မန်ယူမန်နေဂျာ ဖာဂူဆန်ကလည်း လမ်းပတ်တွင် အကောင်းဆုံး ကစားနိုင်သည့် ခြေစွမ်း ရှိနေဆဲဖြစ်ကြောင်း လက်ခံထားသည်။

မန်ယူသည် အသက် ၃၄ နှစ် လမ်းပတ်အား ယခုနှစ် နွေရာသီတွင် တစ်နှစသက်တမ်း စာချုပ်ဖြင့်သာ ကမ်းလှမ်းရန် ပြင်ဆင်ထားပြီး ကစားသမား၏ စွမ်းဆောင်ရည် အပါအဝင် အခြေအနေအားလုံး
ကောင်းမွန်မှသာ ဒုတိယနှစ်သက်တမ်း စာချုပ်သက်တမ်း
တိုးမည်ဟုဆိုသည်။ မန်ယူအသင်းတာဝန်ရှိသူများသည် လမ်းပတ်၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network
ယခုနှစ် နွေရာသီတွင် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူလိုကြောင်း သတင်းထွက်ပေါ် လာ သည်။
ချယ်လ်ဆီးတွင် ပထမဦးစားပေး ကစားသမားအဖြစ် နေရာရမှု နည်းပါး လာသော လမ်းပတ်ကလည်း စတန်းဖို့ဒ်ဘရစ်ခ်ျတွင်ဆက်လက် ကစားလိုခြင်း မရှိဘဲ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် အဆင့်သင့် ပင်ဖြစ်ကြောင်း The Sun Football က ပြောကြားသည်။ မန်ယူ မန်နေဂျာ ဖာဂူဆန်ကလည်း လမ်းပတ်တွင် အကောင်းဆုံး ကစားနိုင်သည့် ခြေစွမ်း ရှိနေဆဲဖြစ်ကြောင်း လက်ခံထားသည်။

မန်ယူသည် အသက် ၃၄ နှစ် လမ်းပတ်အား ယခုနှစ် နွေရာသီတွင် တစ်နှစသက်တမ်း စာချုပ်ဖြင့်သာ ကမ်းလှမ်းရန် ပြင်ဆင်ထားပြီး ကစားသမား၏ စွမ်းဆောင်ရည် အပါအဝင် အခြေအနေအား လုံကောင်းမွန်မှသာ ဒုတိယနှစ်သက်တမ်း စာချုပ်သက်တမ်းတိုးမည်ဟုဆိုသည်။ မန်ယူအသင်းတာဝန် ရှိသူများသည် လမ်းပတ်၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment